နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကြိုတင်တွက်ဆမရသော သဘာဝဘေး

သဘာဝဘေးဟူသည် ရှောင်လွဲ၍မရသည့် ဘေးအန္တရာယ်တစ်ခု ဖြစ်ကြောင်း မြန်မာနိုင်ငံတွင်သာမက ကမ္ဘာ့နိုင်ငံတိုင်းတွင် သဘာဝ ဘေးဒဏ်များကိုခံစားရလေ့ရှိသည်။ ယခုရက်ပိုင်းအတွင်း မြန်မာ နိုင်ငံအထက်ပိုင်း၊ ရှမ်းပြည်နယ်ကျိုင်းထုံမြို့အနီးနှင့်ပြင်ပနိုင်ငံ များတွင် အင်အားအသင့်အတင့်ရှိ မြေငလျင်များဆက်တိုက်လှုပ်ရှား လာသည်။

 မြန်မာနိုင်ငံအတွင်းတည်ရှိသော  ပြတ်ရွေ့ကြောများအနက်      နိုင်ငံတကာငလျင်နှင့်ဘူမိဗေဒပညာရှင်များသိရှိ စိတ်ဝင်စားကြသော မိုင် ၆၀၀ ကျော်ရှည်လျားသည့် စစ်ကိုင်းပြတ်ရွေ့ကြောသည် မြန်မာ နိုင်ငံအလယ်မှဖြတ်၍ တောင်မြောက်တန်းလျက် အနေအထားဖြင့် တည်ရှိနေသည်။

 မြေငလျင်လှုပ်ရှားခြင်းကို ကြိုတင်ခန့်မှန်းမရသော သဘာဝဘေး တစ်ခုဖြစ်ကြောင်း ငလျင်ပြင်းဒဏ်ကြီးမားသော် ပျက်စီးဆုံးရှုံးမှုများ တတ်သည်။ လူအသေအပျောက်၊ ထိခိုက်ဒဏ်ရာများစွာဖြစ်ပေါ် တတ်သည်။ ငလျင်ဘေးဒဏ်ကျရောက်ပြီးသည်နှင့်တစ်ပြိုင်နက် ကယ်ဆယ်ကုသရေးလုပ်ငန်းများအချိန်နှင့် တစ်ပြေးညီဆောင်ရွက်  ကြသည်။ ငလျင်ဒဏ်သင့် ပြည်သူများအတွက် ပြန်လည်ထူထောင် ရေးလုပ်ငန်းများကို ဒေသခံပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက် ကြရသည်။

ငလျင်ဒဏ်သင့်ဒေသများရှိ ထိခိုက်ပျက်စီးခဲ့ရသော လယ်ယာ၊ အိုးအိမ်များနှင့်သာသနိက အဆောက်အအုံများ၊ စေတီပုထိုးများ ပြန်လည်ပြုပြင်ခြင်း၊ အသစ်ဆောက်လုပ်ခြင်းများကို နိုင်ငံတော်နှင့် ပြည်သူများ၏စွမ်းအားဖြင့် ပြန်လည်ပြုပြင်တည်ဆောက်ကြရမည် ဖြစ်သည်။

သဘာဝဘေးအန္တရာယ်များအနက် မုန်တိုင်းနှင့်ဆူနာမီရေလှိုင်း ကဲ့သို့ သဘာဝဘေးများကို ကြိုတင်ခန့်မှန်းတွက်ချက်နိုင်ပြီး ထိခိုက်၊ ပျက်စီးဆုံးရှုံးမှုနည်းနိုင်သမျှ နည်းပါးအောင် ကာကွယ်နိုင်မည်ဖြစ် သည်။ မြေငလျင်လှုပ်ရှားမှုကို ကြိတင်ခန့်မှန်းမရနိုင်သော်လည်း မြေငလျင်ကြောအနီးတွင် နေထိုင်ပါက မြေငလျင်ဘေးဒဏ်မှ ကင်းဝေစေရန် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ထားသင့်ပါ ကြောင်း။       ။






အခြားဆက်စပ်သတင်းများ