ဩဂုတ် ၂
ဥရောပဘောလုံးအဖွဲ့ချုပ်၏ Club Financial Control Body က ဂျူဗင်တပ် အသင်းကို ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက် ခဲ့မှုကြောင့် စုံစမ်းစစ်ဆေးမှုများပြုလုပ် ခဲ့ပြီးနောက် လာမည့် ၂၀၂၃-၂၀၂၄ ဘောလုံးရာသီ ဥရောပပြိုင်ပွဲ ကစားခွင့် ပိတ်ပင်ခဲ့ကြောင်း သိရသည်။
ဂျူဗင်တပ်အသင်းသည် ကစား သမားအပြောင်းအရွှေ့နှင့် လုပ်ခလစာ ပေးချေရာတွင် စာရင်းလိမ်လည်မှုများ ကြောင့် အီတလီဘောလုံးအဖွဲ့ချုပ်၏ အရေးယူခြင်းကို ခံခဲ့ရသဖြင့် ရမှတ် ၁၀ မှတ်လျှော့ပြစ်ဒဏ်ကြောင့် ချန်ပီယံလိဂ် ဝင်ခွင့်ဆုံးရှုံးခဲ့ရပြီး ယူရိုပါကွန်းဖရန့် လိဂ်ဝင်ခွင့်သာ ရရှိခဲ့သည်။
သို့သော်ယူအီးအက်ဖ်အေက ချမှတ်ထားသည့် ဘဏ္ဍာရေးစည်းမျဉ်း ကိုချိုးဖောက်ခဲ့သည့် ဂျူဗင်တပ်အသင်း အနေဖြင့် ထပ်မံစစ်ဆေးမှုများ ပြုလုပ် ခံခဲ့ရပြီး ပြစ်မှုထင်ရှားသောကြောင့် ၂၀၂၃-၂၀၂၄ ဘောလုံးရာသီ ဥရောပ ပြိုင်ပွဲကစားခွင့်ပိတ်ပင်ခံခဲ့ရပြီး ဒဏ် ကြေးငွေ ယူရို ၁၀ သန်း ပြစ်ဒဏ် ချမှတ်ခံခဲ့ရကြောင်း သိရသည်။
သူရိန်