နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိခင်နို့တိုက်ကျွေးခြင်းသာ အကောင်းဆုံး

မြန်မာနိုင်ငံရှိ သန်း ၅၀ ကျော်ခန့်ရှိသော လူဦးရေစုစုပေါင်းအနက် ၆၀ ရာခိုင်နှုန်းမှာ အမျိုးသမီးနှင့်ကလေးသူငယ်များဖြစ်ကြသည်။ နို့တိုက်မိခင်များအနေဖြင့်  မွေးကင်းစမှအသက်ခြောက်လပြည့်သည် အထိ မိခင်နို့တစ်မျိုးတည်းကိုသာ  တိုက်ကျွေးသင့်ကြောင်းကလေးဆရာဝန်များက တိုက်တွန်းထားသည်။

မိခင်နို့တွင် ရေဓာတ် ၈၀ ရာခိုင်နှုန်းပါဝင်ခြင်းကြောင့် ရေနှင့် အခြားမည်သည့် ဖြည့်စွက်စာကိုမျှ တိုက်ကျွေးရန်မလိုဘဲ မိခင်နို့ တစ်မျိုးတည်းသာ အသက်ခြောက်လပြည့်သည်အထိ တိုက်ကျွေးရ မည်ဖြစ်သည်။ သို့သော် အချို့သောမိခင်များက မွေးဖွားပြီးကလေး များ နို့မှုန့်၊ နို့ဘူးများသာ တိုက်ကျွေးသဖြင့် ကျန်းမာရေးချို့တဲ့ခြင်း၊ ဝမ်းပျက်၊ ဝမ်းလျှောဖြစ်ခြင်း၊ ခန္ဓာကိုယ်ကြီးထွားမှု နှေးကွေးခြင်းတို့ ဖြစ်တတ်သည်။

 နို့မှုန့်အချို့တွင် အစာခြေဖျက်နိုင်စွမ်းနည်းသည့် ဓာတ်ပစ္စည်း များပါဝင်ခြင်းကြောင့် ကလေးကျန်းမာရေးကို ထိခိုက်နိုင်သည်။      မွေးကင်းစမှအသက်ခြောက်လပြည့်သည့်တိုင်အောင် မိခင်နို့မှတစ်ပါး အခြားမည့်သည့်အရာကိုမျှ တိုက်ကျွေးခြင်းမပြုသင့်ပါ။ အသက် ခြောက်လကျော်မှသာ ကယ်လိုရီနှင့်အာဟာရဓာတ်များ ကျွေးမွေး သင့်သည်။

 အသက်ခြောက်လပြည့်သည်နှင့် နို့၊ ကြက်ဥ၊ ငါး၊ အသီးအနှံများ တဖြည်းဖြည်းတိုက်ကျွေးပေးခြင်းဖြင့် ခန္ဓာကိုယ်အတွက်လိုအပ် သည့် ကယ်လိုရီနှင့်အာဟာရဓာတ်များရရှိလာပြီး ခန္ဓာကိုယ်ကြီးထွား လာခြင်း၊ ဉာဏ်ရည်ဖွံ့ဖြိုးခြင်းအစရှိသဖြင့် ဇီဝကမ္မဖြစ်စဉ်များ တိုးတက်ပြောင်းလဲလာမည်ဖြစ်သည်။

 ကလေးမိခင်များအနေဖြင့် အာဟာရစုံလင်စွာစားသုံးပေးသင့် သည်။ သို့မှသာ ကလေးအတွက် အာဟာရ ပြည့်စုံလုံလောက်စွာရရှိ မည်ဖြစ်သည်။  မိခင်နို့သည် ကလေးအတွက် အာဟာရဖြစ်သကဲ့သို့ ဆေးလည်းဖြစ်သည်။ မိခင်နို့သည်သာ ကလေးအတွက်အကောင်း ဆုံးဖြစ်သည်။

ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ကျန်းမာသောမိခင်ဖြစ်လာစေ ရန်မှာ အသက်အရွယ်အလိုက် အာဟာရပြည့်ဝကာ မျှတစွာစားသုံး ခြင်း၊ အနေအထိုင်မှစ၍ လိုက်နာဆောင်ရွက်နိုင်အောင် ပြုစုထိန်းသိမ်း  ခြင်းကို ကျန်းမာရေးဝန်ထမ်းများနှင့် မိမိတို့မိသားစုအသိုင်းအဝန်း များကပါ အထူးဂရုပြုဆောင်ရွက်ပေးရမည်ဟုဆိုချင်ပါကြောင်း။   ။






အခြားဆက်စပ်သတင်းများ