ဩဂုတ် ၁
အင်တာမီလန်အသင်းသည် ဂိုးသမား အိုနာနာကို မန်ယူ အသင်းသို့ ရောင်းချခဲ့ပြီးနောက် ၎င်း၏နေရာတွင် အစားထိုးရန် အတွက် ဘိုင်ယန်မြူးနစ်အသင်း ဂိုးသမား ဆွန်မာကို ခေါ်ယူရန် ကြိုးပမ်းခဲ့ရာ ကလပ်အသင်း နှစ်ခုကြား သဘောတူညီမှုရရှိခဲ့ ကြောင်း သိရသည်။
အင်တာမီလန်အသင်းသည် ဂိုးသမား ဆွန်မာကို ခေါ်ယူရန် ပြီးခဲ့သည့် ဇန်နဝါရီ အပြောင်း အရွှေ့ကာလကတည်းက ကြိုးပမ်း ခဲ့သော်လည်း ကစားသမား အနေဖြင့် ဘိုင်ယန်မြူးနစ်အသင်း ၏ ကမ်းလှမ်းမှုကို လက်ခံ၍ ပြောင်းရွှေ့ခဲ့သောကြောင့် လက် လျှော့ခဲ့ရပြီး ယခုအခါ ဘိုင်ယန် မြူးနစ်အသင်းက ဂိုးသမား နူအာ ဒဏ်ရာမှ ပြန်လည်ကောင်းမွန် လာသဖြင့် ဆွန်မာကို ဒုတိယ ဦးစားပေး ဂိုးသမားအဖြစ်သာ အသုံးပြုမည်ဖြစ်သောကြောင့် အင်တာမီလန်အသင်းက ခေါ်ယူ ရန် ဆွေးနွေးမှုပြုလုပ်ခဲ့ခြင်းဖြစ် သည်။
လက်ရှိတွင် ကလပ်အသင်း နှစ်ခုကြား သဘောတူညီမှုရရှိ ထားပြီး လာမည့် ရက်သတ္တပတ် အတွင်း အပြီးသတ် ခေါ်ယူရန် စီစဉ်နေသော်လည်း ပြောင်းရွှေ့ ကြေးနှင့်ပတ်သက်၍ ညှိနှိုင်းမှု များ ထပ်မံပြုလုပ်နေသည်။
သူရိန်