နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရေကြီးရေလျှံမှုနှင့် သဘာဝဘေးအန္တရာယ်

ဩဂုတ် ၁ ရက် မြန်မာစံတော်ချိန် ၉ နာရီခွဲအချိန်တိုင်းတွာချက် အရ ဘင်္ဂလားပင်လယ်အော်တွင် ‌ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် အဖြစ်ရောက်ရှိခဲ့ကြောင်း၊ မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့    ဦးတည်ရွေ့လျားမည့်အခြေအနေမရှိပါ သဖြင့် အဝါရောင်အဆင့်သတ်မှတ်ကြောင်း  မိုးလေဝသနှင့်ဇလဗေဒ     ညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

 ဩဂုတ် ၁ ရက်မှ ဩဂုတ် ၃ ရက်အတွင်း တစ်ပြည်လုံးတွင် နေရာစိပ်စိပ်မှနေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ရခိုင် ပြည်နယ်၊ ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် နေပြည်တော်၊ စစ်ကိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့်တနင်္သာရီတိုင်းဒေသကြီးတို့တွင် နေရာကွက် ၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်  ဒေသအချို့ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိသည်။

 ရေကြီးရေလျှံမှု သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ထိခိုက်ပျက်စီးဆုံးရှုံးမှုနည်းနိုင်သမျှနည်းပါးအောင် ကာကွယ်ကြရ မည်ဖြစ်သည်။ အားကောင်းသော လေဖိအားနည်းရပ်ဝန်း၏အရှိန် ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီး ခြင်းနှင့်အတူ မြေပြိုမှုများဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့်  မြေပြိုအန္တရာယ်ကိုလည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီး တွင်  နေထိုင်ကြသူများအနေဖြင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နိုင်သော ကြောင့် ကြိုတင်သတိပြုနေထိုင်ကြရန် လိုအပ်သည်။

မြန်မာနိုင်ငံတွင် တိုင်းဒေသကြီးမှပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့်အထိ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ များ ဖွဲ့စည်းကာ စီမံခန့်ခွဲမှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ရာ   ဒေသအတွင်းသဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် သဘာဝဘေးမဖြစ်ပွားမီ ကြိုတင်ဆောင်ရွက် ရမည့် လုပ်ငန်းစဉ်များ၊ သဘာဝဘေးဖြစ်ပွားနေစဉ်နှင့်ဖြစ်ပွားပြီး ဆောင်ရွက်ရမည့်လုပ်ငန်းများကို ညှိနှိုင်းဆွေးနွေးလျက် သက်ဆိုင်ရာ ကျေးရွာ၊ ရပ်ကွက်အလိုက် ကယ်ဆယ်ရေးအဖွဲ့များ ကြိုတင်ဖွဲ့စည်း ခြင်း၊ ကယ်ဆယ်ရေးစခန်းနေရာများ ကြိုတင်စီမံဆောင်ရွက်လျက် ရှိသည်။

 သဘာဝဘေးအန္တရာယ်လျော့ပါးရေးတွင်     ရပ်ရွာလူထုအနေဖြင့် ဘက်စုံ၊ ကဏ္ဍစုံမှ  ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားစေချင် ကြောင်း။            ။







အခြားဆက်စပ်သတင်းများ