နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း Community Response for Covid 19 (CRC) အဖွဲ့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ

ရန်ကုန် ဧပြီ ၆ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းသည် ဧပြီ ၅ ရက်၊ မွန်းလွဲ ၁ နာရီတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ခန်းမ ၃ ၌ Community Response for Covid 19 (CRC) အဖွဲ့မှ တာဝန် ရှိသူများနှင့် တွေ့ဆုံခဲ့သည်။ တွေ့ဆုံစဉ်တွင် ဝန်ကြီးချုပ်အား အဆိုပါအဖွဲ့မှ တာဝန်ရှိသူများက Corona virus Disease 2019 COVID-19 ကြိုတင် ကာကွယ်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့သည်။ တွေ့ဆုံရာတွင် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်း အမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့






အခြားဆက်စပ်သတင်းများ