ဇူလိုင် ၃၁
မန်စီးတီးအသင်း နည်းပြ ဂွါဒီယိုလာက အသင်းနှင့်အနာဂတ် မရေမရာဖြစ်နေသည့် ဝေါ်လ်ကာ သည် အသင်းအတွက် အရေးပါ သည့် ကစားသမားတစ်ဦးအဖြစ် ရှိနေသောကြောင့် ရောင်းချမည် မဟုတ်ဘဲ အသင်းတွင် ဆက်လက် ထိန်းသိမ်းမည်ဖြစ်ကြောင်း ပြော သည်။
အသက် ၃၃ နှစ်အရွယ်ရှိ ဝေါ်လ်ကာသည် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က စပါးအသင်းမှ မန်စီးတီး အသင်းသို့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး အသင်းတွင် နည်းပြ ဂွါဒီယိုလာလက်အောက်၌ အဓိက ကစားသမားအဖြစ် ဘောလုံး ရာသီအများစုတွင် ပါဝင်ခဲ့သူ ဖြစ်သည်။
သို့သော် ပြီးခဲ့သည့် ဘောလုံး ရာသီဝက်နောက်ပိုင်းတွင် နည်းပြ ဂွါဒီယိုလာ၏ နည်းဗျူဟာ ပြောင်းလဲမှုများကြောင့် ဝေါ်လ် ကာအနေဖြင့် ပုံမှန်ပွဲထွက်ကစား ခွင့် ပျောက်ဆုံးခဲ့ရပြီး ချန်ပီယံ လိဂ် ဗိုလ်လုပွဲစဉ်အဖြစ် ကစား ခဲ့သည့် အင်တာမီလန်အသင်းနှင့် ပွဲစဉ်တွင်လည်း ပွဲထွက် ကစား သမားစာရင်းမှ ချန်လှပ်ခံခဲ့ရ သည့်အတွက် ဝေါ်လ်ကာအနေ ဖြင့် လက်ရှိ အပြောင်းအရွှေ့တွင် အသင်းမှ ထွက်ခွာလိုနေခြင်း ဖြစ်သည်။
"ဝေါ်လ်ကာက ကျွန်တော် တို့အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ယောက်အဖြစ် ရှိနေဆဲပါ။ သူ့လို ကစားသမား မျိုးကို ဈေးကွက်ထဲမှာရှာဖို့က ခက်ခဲပါတယ်။ ကျွန်တော် သူနဲ့ ရှေ့ဆက်ပြီး လက်တွဲသွားချင် ပါသေးတယ်။ သူ့ကို အသင်း မှာ ဆက်လက်ထိန်းသိမ်းနိုင်ဖို့ အတွက် အတတ်နိုင်ဆုံးကြိုးစား သွားမှာပါ"ဟု မန်စီးတီးအသင်း နည်းပြ ဂွါဒီယိုလာကပြောသည်။
သူရိန်