နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရေစီးရေလာကောင်းမွန်ရေး စနစ်တကျ အမှိုက်စွန့်စေချင်

မိုးသည်းထန်စွာဆက်တိုက်ရွာသွန်းမှုကြောင့် တိုက်ကြီးမြို့နယ် ရှိ ကျေးရွာအချို့တွင် ရေကြီးရေနစ်မြုပ်မှုများဖြစ်ပေါ်ရာ အဆိုပါ ဒေသရှိ ရေဘေးသင့်ပြည်သူများအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲ အခမ်းအနားကို ဇူလိုင် ၃၀ ရက် နံနက်က သက်ဆိုင်ရာနေရာများ၌ကျင်းပရာ      ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊  တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဦးစောဂျက်ကော့ထူးနှင့်  ဌာနဆိုင်ရာတာဝန်ရှိသူများ တက် ရောက်ကြသည်။

 ရန်ကုန်မြို့တွင် အဆက်မပြတ်ရွာသွန်းသောမိုးကြောင့် ထိခိုက် ဆုံးရှုံးမှုများစွာ မဖြစ်နိုင်သော်လည်း သတိပြုရမည့်အချက်များမှာ များစွာရှိသည်ကို သတိမူအပ်သည်။

ရန်ကုန်မြို့ မြစ်၊ ချောင်းများနှင့်နီးသော အနိမ့်ပိုင်းရပ်ကွက်များ တွင် ဒီရေတက်ချိန်နှင့်ယခုကဲ့သို့ အဆက်မပြတ်ရွာသွန်းသော မိုးများ ချိန်တွင် ရေမြောင်းများမှ ရေများသည် မြစ်ထွက်ပေါက်သို့ မထွက် နိုင်ဘဲ အထက်ရေနှင့်အောက်ရေဆုံကာ ရေစီးဆင်းမှုအားနည်းခြင်း ကြောင့် ရေလျှံမှုဖြစ်ပေါ်ရခြင်းကို ကမ်းနားနေအများပြည်သူများ ကြုံတွေ့ခံစားနေရသည်။

 ဒီ‌ရေကျချိန်တွင် ရေမြောင်းများမှရေများ မြန်ဆန်စွာစီးဆင်း နိုင်ရေးအတွက် စည်းကမ်းမဲ့စွန့်ပစ်ထားသော အမှိုက်မျိုးစုံက အဟန့်အတားပြုနေသည်။ အထူးသဖြင့် ရေပြည့်ရေလျှံရက်များတွင် မြောင်းများမှ ရေဆိုးရေညစ်များနှင့်အတူ၊ ပလတ်စတစ်အိတ်၊ ဘူးခွံ စသည့် အမှိုက်မျိုးစုံ လမ်းပေါ်လျှံထွက်လာတတ်ပေသည်။ အမှိုက် စွန့်ပစ်သူ၊ မြို့တော်သူမြို့တော်သားများအနေဖြင့် စနစ်တကျ အမှိုက် စွန့်ပစ်မှုအားနည်းသည်။

ရပ်ကွက်များရှိ ရေမြောင်းများကို လမ်းသူ၊ လမ်းသားများက ရေမြောင်းနေရာကို တိုးချဲ့ရယူခြင်း၊ ပိတ်ဆို့ထားခြင်းကြောင့် ရေမြောင်းများ ကျဉ်းမြောင်းလာခြင်း၊ ပိတ်ဆို့အမှိုက်များကြောင့် ရေကြီးရေလျှံမှုများကို ခံစားရသည်။ ရေမြောင်းများ ရေစီးရေလာ ကောင်းမွန်ရေး ရပ်သူရွာသားများနှင့်တာဝန်ရှိသူများက ကြပ်မတ် ရှင်းလင်းရန်လိုအပ်သည်။

သို့ဖြစ်ရာ ရန်ကုန်မြို့တော်သူ၊ မြို့တော်သားများအနေဖြင့် သတ်မှတ်နေရာ၊ သတ်မှတ်အမှိုက်ကန်များတွင် စည်းကမ်းတကျ အမှိုက်များကို စွန့်ပစ်စေချင်ကြောင်းနှင့် ရေစီးရေလာကောင်းမွန် ရေး ရပ်ရွာအတွင်းရှိ ရေမြောင်းများကို စနစ်တကျပူးပေါင်းရှင်းလင်း ဆောင်ရွက်စေချင်ကြောင်း။     ။






အခြားဆက်စပ်သတင်းများ