ဇူလိုင် ၂၉
မန်စီးတီးအသင်းသည် လာ မည့် ၂၀၂၅ ခုနှစ်မှ စာချုပ် သက် တမ်းကုန်ဆုံးမည့် ခံစစ်ကစား သမား အကီကို စာချုပ်သစ်ချုပ် ဆိုရန် လုပ်ခလစာတိုးမြှင့်၍ ကမ်းလှမ်းခဲ့ရာ ကစားသမားနှင့် သဘောတူညီမှုရရှိခဲ့ကြောင်း သိ ရသည်။
အသက် ၂၈ နှစ်အရွယ်ရှိ ခံစစ်ကစားသမား အကီသည် ပြီးခဲ့သည့် ဘောလုံးရာသီက ဒဏ်ရာရကစားသမားများပြား နေသည့် မန်စီးတီးအသင်း ခံစစ် ပိုင်းကို အကောင်းဆုံးဖြည့်ဆည်း ပေးနိုင်ခဲ့ပြီး အသင်းကို အဓိက ဆုဖလား သုံးလုံးရရှိအောင် ကူညီပေးနိုင်ခဲ့သောကြောင့် နည်းပြဂွါဒီယိုလာက ၎င်းကို ဆက်လက်ထိန်းသိမ်းရန် ဆုံး ဖြတ်ခဲ့ပြီး စာချုပ်သစ်ချုပ်ဆိုရန် ကမ်းလှမ်းခဲ့ရာ သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။
မန်စီးတီးအသင်းသည် ဗဟို ခံစစ်ပိုင်းမှ လာပေါ်တီကို အသင်း မှ ထွက်ခွာခွင့်ပြုထားပြီး ကစား သမားအနေဖြင့် စပိန်လာလီဂါ သို့ ပြောင်းရွှေ့ရန် စီစဉ်နေသော ကြောင့် ဗဟိုခံစစ်ပိုင်းတွင် အကောင်းဆုံးခြေစွမ်းပြသနေ သည့် အကီနှင့် ဆွေးနွေးမှုများ ပြုလုပ်၍ လုပ်ခလစာ တိုးမြှင့် ကာ ကာလရှည်စာချုပ်ဖြင့် သက်တမ်းတိုးရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။
သူရိန်