ဇူလိုင် ၂၉
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက ဆီဗီလာအသင်းနှင့် နှစ်ဖက် သဘောတူ စာချုပ်ဖျက်သိမ်းခဲ့ သည့် ကွင်းလယ်ကစားသမား အစ္စကိုသည် လာလီဂါပြိုင်ဘက် ဘက်တစ်အသင်းသို့ အလွတ် ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိခဲ့ ပြီး တစ်နှစ်သက်တမ်းရှိ စာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရသည်။
အစ္စကိုသည် ပြီးခဲ့သည့်နှစ် နွေရာသီအပြောင်းအရွှေ့ကာလ က ရီးရဲလ်မက်ဒရစ်အသင်းမှ ဆီဗီလာအသင်းသို့ အလွတ် ပြောင်းရွှေ့ခဲ့ပြီးနောက် နည်းပြ ဆမ်ပါအိုလီ လက်အောက်တွင် ပုံစံကောင်းပြသရန် ရုန်းကန်ခဲ့ရ ပြီး ပွဲထွက်ခွင့်နည်းပါးခဲ့သော ကြောင့် အသင်းနှင့် နှစ်ဖက် သဘောတူ စာချုပ်ဖျက်သိမ်းခဲ့ သည်။
သို့သော် နည်းပြပယ်လီဂရီနီ တာဝန်ယူနေသည့် ဘက်တစ် အသင်းက လာမည့် ဘောလုံးရာ သီတွင် ဥရောပပြိုင်ပွဲ ကစားရ မည်ဖြစ်သောကြောင့် ပြိုင်ပွဲ အတွေ့အကြုံကောင်းများရှိ သည့် အသင်းလက်မဲ့ဖြစ်နေ သော ကွင်းလယ်ကစားသမား အစ္စကို ကို ခေါ်ယူရန် ဆုံးဖြတ် ခဲ့ကာ တစ်နှစ်သက်တမ်းရှိ စာချုပ်ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။
သူရိန်