နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရေတို၊ ရေရှည်စီမံကိန်းများ ချမှတ် စိုက်ပျိုးမြေများ မလျော့နည်းရန် ထိန်းသိမ်း

ကမ္ဘာ့လူဦးရေသည် လာမည့် ၂၀၅၀ ပြည့်နှစ်တွင်  ကိုးဘီလီယံမှ တစ်ဆယ်ဘီလီယံအထိ တိုးပွားလာနိုင်သည်ဟု ကမ္ဘာ့ပညာရှင်များ က ခန့်မှန်းထားကြသည်။ ကမ္ဘာ့လူဦးရေသည် ယနေ့ကမ္ဘာကြီးတွင် ရှစ်ဘီလီယံအထိ ရောက်ရှိနေပြီဖြစ်သည်။

ယနေ့ကမ္ဘာတစ်ဝန်း၌ စားနပ်ရိက္ခာဖူလုံရေး၊ အာဟာရပြည့်ဝ စေရေးနှင့် ဆင်းရဲငတ်မွတ်မှုတိုက်ဖျက်ရေးလုပ်ငန်းများ အရှိန်အဟုန် မြှင့် ဆောင်ရွက်နေသည်ကိုတွေ့ရသည်။ နှစ်စဉ်တိုးပွားလျက်ရှိသည့် ကမ္ဘာ့လူဦးရေသည် စားနပ်ရိက္ခာလိုအပ်ချက် မလုံလောက်မှုပြဿနာ များ အစဉ်ခြိမ်းခြောက်လျက်ရှိသည်။

မြန်မာနိုင်ငံသည် ပြည်တွင်းစားနပ်ရိက္ခာများ ဖူလုံရေးလုပ်ငန်း များတွင် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ စားနပ်ရိက္ခာဖူလုံရေးနှင့် ကျေးလက်နေပြည်သူများ၊ လူမှုစီးပွားဘဝ တိုးတက်ဖွံ့ဖြိုးရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရက ဦးစားပေး ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် စိုက်ပျိုး၍ရနိုင်သော မြေဧရိယာ လယ်ယာ          ၁၂ ဒသမ ၂၅ သန်း ရှိနေပြီး နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းက စိုက်ပျိုးရေးကဏ္ဍကို မှီခိုလုပ်ကိုင်နေကြခြင်းဖြစ်သည်။ စိုက်ပျိုးရေး ကဏ္ဍတွင် မြေယာလုပ်သားရှားပါးလာခြင်း၊ စိုက်ပျိုးမြေကို အခြား နည်းဖြင့် သုံးစွဲခြင်းကြောင့် လျော့နည်းဆုံးရှုံးမှုမဖြစ်ပေါ်စေရေး စိစစ်ရန်လိုအပ်သည်။ နိုင်ငံတော်သည် မြေယာအားလုံး၏ ပင်ရင်း ပိုင်ရှင်ဖြစ်သည်။ စိုက်ပျိုးမြေများကို အခြားနည်းသုံးစွဲခြင်းသည် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ထိရောက်စွာ မြန်ဆန်စွာ စိစစ်ဆောင်ရွက်ရမည်ဖြစ်သည်။

နိုင်ငံ‌တော်အစိုးရသည် လက်ရှိကာလတွင် သန်း ၆၀ သော လူဦးရေအတွက် စားနပ်ရိက္ခာဖူလုံလျက်ရှိသော်လည်း တိုးပွားလာ မည့် လူဦးရေ သန်း ၁၀၀ အတွက် ရေတိုရေရှည်နည်းလမ်းများ စီမံကိန်းများ အဓိကထား မျှော်မှန်းဆောင်ရွက်လျက်ရှိသည်။

လူ့သက်တမ်းစေ့ သက်ရှည်ကျန်းမာစွာ စားသောက်နေထိုင်နိုင် ရေး စားနပ်ရိက္ခာဖူလုံရေးအတွက် ရေရှည်တည်တံ့ခိုင်မြဲသော လယ်ယာကဏ္ဍ စားနပ်ရိက္ခာဖူလုံမှုစနစ်များ ထူထောင်ပေးနိုင်ရေး လိုအပ်ချက်အပေါ် လေးလေးနက်နက် ပူးပေါင်းဆောင်ရွက်ရန်လိုအပ် သည်။

ယခုရက်ပိုင်းအတွင်း ဆန်စပါး‌ဈေးကွက်နှင့် ဈေးကွက်တည်ငြိမ် စေရေး အရန်ဆန်များကို ဈေးကွက်အတွင်း အမြန်ဆုံးထည့်သွင်း ရောင်းချသွားမည်ဖြစ်ကြောင်း၊ ပြည်တွင်းဆန်စပါး ဖူလုံ လုံလောက်မှု အပြည့်အဝရှိကြောင်း သတင်းမှားများ၊ ကောလာဟလများကြောင့် စားသုံးသူများ စိုရိမ်မှုဖြင့် ဆန်များဝယ်ယူစုဆောင်းခြင်း၊ စိုးရိမ်ပူပန် ခြင်းများ မဖြစ်ကြစေလိုကြောင်း လိုအပ်မှဝယ်ယူရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က သတင်းထုတ်ပြန်ထားသည်။

နိုင်ငံ‌၏ စားရေရိက္ခာအကျပ်အတည်းဖြစ်ပေါ်အောင် တွန်းပို့ နေသည့် ဝိသမလောဘသများကို ထိထိရောက်ရောက်ဟန့်တားခြင်း ကို ရေရှည်စီမံချက်များ ချမှတ်ဆောင်ရွက်စေချင်ကြောင်း။      ။







အခြားဆက်စပ်သတင်းများ