နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လေ့ကျင့်မှ ကျွမ်းကျင်

လူတိုင်းသည် အလုပ်တစ်ခု မဟုတ် တစ်ခု လုပ်ကိုင်ကြရ၏။ အလုပ်အမျိုးမျိုးရှိ၏။ အစိုးရအလုပ်၊ ပုဂ္ဂလိက ကိုယ်ပိုင်အလုပ်၊ ရုံး အလုပ်၊ ကျောင်းအလုပ် စသည်ဖြင့် အလုပ်အမျိုးမျိုးရှိ၏။

မည်သည့်လုပ်ငန်းဌာနမဆို အုပ်ချုပ်သူအရာရှိ၊ အတတ်ပညာရှင် နှင့် အခြေခံကျွမ်းကျင်လုပ်သားဟူ၍ ရှိကြ၏။ ယင်းတို့အားလုံး  သည် သူ့ဆိုင်ရာ၊ ဆိုင်ရာ အလုပ်တို့အပေါ် ကျွမ်းကျင်အတတ်တို့ဖြင့် လုပ်ငန်းတစ်ခု အောင်မြင်စွာ ပြီးစီးရေးအတွက် အကောင်အထည် ဖော် ဆောင်ရွက်ကြ၏။ 

ဤသို့ဖော်ဆောင်ရာတွင် ဝန်ထမ်းတစ်ဦးချင်းစီတို့သည် ကိုယ်စီ ကိုယ်င အတတ်ပညာကိုယ်စီ ရှိကြရ၏။ အတတ်ပညာ၊ အသိပညာ၊ ကျွမ်းကျင်မှုတို့ဖြင့် အကောင်းဆုံးစွမ်းဆောင်ကြရ၏။

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံသူ နိုင်ငံသားများအား ပြည်တွင်း ပြည်ပ အလုပ်အကိုင်တိုးတက်ရရှိရေးအတွက် ဆောင်ရွက်ပေးလျက် ရှိသည်။ သက်ဆိုင်ရာဌာနများက အလုပ်အကိုင်အခွင့်အလမ်း၊ အလုပ်သမားများ၏ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်လာရေးအတွက် အသက်မွေးဝမ်းကျောင်းပညာရပ်ဆိုင်ရာ သင်တန်းများကို ပုဂ္ဂလိက နှင့် ဌာနဆိုင်ရာများကပါ ပိုမိုပါဝင် ဆောင်ရွက်လျက်ရှိသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ စာရေးဝန်ထမ်း ကြီးကြပ်မှုသင်တန်းအမှတ်စဉ် ၉ သင်တန်းဆင်းပွဲကို ဇူလိုင် ၂၅ရက် က မင်္ဂလာတောင်ညွန့်မြို့နယ်၊ စက်ရုံလမ်းရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဝန်ထမ်းသင်တန်းကျောင်း၊ သင်တန်း ခန်းမ၌ ကျင်းပရာ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး သင်တန်းဆင်း အမှာစကားပြောကြားရာတွင် မိမိတို့တာဝန်ကျရာ ရုံး၊ ဌာနများတွင် မူလတာဝန်များကို ပြန်လည်တာဝန်ထမ်းဆောင်ကြရာတွင် လုပ်ငန်း ခွင် နယ်ပယ်မှာ ယခင်ကထက် အခက်အခဲမရှိ အောင်မြင်အောင် ဆောင်ရွက်နိုင်ကြလိမ့်မည်ဖြစ်ကြောင်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေ ရေးအတွက် အရင်းအနှီး၊ သယံဇာတ၊ စွမ်းအင်စသည့် အရင်းအမြစ် တွေသာမက အတတ်ပညာရှင်၊ အသိပညာရှင် စသည့် လူသား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးသည် လိုအပ်လျက်ရှိရာ နိုင်ငံတော်အကျိုး၊ ကော်မတီအကျိုးကိုရည်မှန်းပြီး သင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်ပျိုးထောင်ပေးနေခြင်းဖြစ်ကြောင်း ထည့်သွင်းမှာကြားခဲ့သည်။

မိမိတို့လုပ်ကိုင်နေသော အလုပ်အကိုင်ကျွမ်းကျင်စွာ လုပ်ကိုင် နိုင်စေရန် အမြဲတစေ ကြိုးစားအားထုတ်၍ ကျွမ်းကျင်မှုကိုမြှင့်တင် ရန် လေ့ကျင့်မှ ကျွမ်းကျင်၊ ကျွမ်းကျင်မှ လုပ်ငန်းဖော်ဆောင် လုပ်ကိုင်ဖြစ်ရာ ကျွမ်းကျင်မှုသင်တန်းကျောင်းများသည် အရေးပါ သည်ဟု ဆိုချင်ပါကြောင်း။      ။







အခြားဆက်စပ်သတင်းများ