ဇူလိုင် ၂၇
ချဲလ်ဆီးအသင်းနှင့် ဆော်ဒီ ကလပ်အသင်းများက ရိုးမား အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးတော့မည့် တိုက်စစ်မှူး ဒိုင်ဘာလာကို ခေါ်ယူရန် ကြိုး ပမ်းခဲ့ရာ ကစားသမားအနေဖြင့် ငြင်းဆိုခဲ့ပြီး ရိုးမားအသင်းတွင် သာ ဆက်ကစားရန် စီစဉ်ထား ကြောင်း ပြောကြားခဲ့သည်။
တိုက်စစ်မှူး ဒိုင်ဘာလာ သည် ရိုးမားအသင်းနှင့် လာမည့် ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၀ ရက်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည် ဖြစ်သော်လည်း ဥရောပထိပ်သီး ကလပ် ချဲလ်ဆီးအသင်းအပါ အဝင် ဆော်ဒီကပ် အသင်းများက ခေါ်ယူရန် မက်လုံးပေး ကမ်း လှမ်းမှုများရှိခဲ့ပြီး ကစားသမား က ရိုးမားအသင်းတွင်သာ ဆက် ကစားရန် ဆုံးဖြတ်ခဲ့ပြီး သက် တမ်းတိုးရန် သဘောတူညီမှုရရှိ ခဲ့သည်။
အဆိုပါ သဘောတူညီချက် တွင် ရိုးမားအသင်းသည် တစ်နှစ် လုပ်ခလစာ ယူရို သုံးသန်းရရှိ နေသည့် ဒိုင်ဘာလာအား လုပ်ခ လစာတိုးမြှင့်ကာ ယူရို ၄ ဒသမ ၅ သန်းဖြင့် လာမည့် ၂၀၂၆ ခုနှစ် ထိ စာချုပ်သစ်ချုပ်ဆိုမည်ဖြစ်ပြီး စာချုပ်သက်တမ်း ကုန်ဆုံးပါက တစ်နှစ်သက်တိုးခွင့်လည်း ပါရှိ မည်ဖြစ်သည်။
သူရိန်