နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သာတူညီမျှ သမဝါယမ

နိုင်ငံတော်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုစီးပွား ဘဝ မြှင့်တင်ရေးနှင့် ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းစဉ်များအတွက် ကျေးလက်ဒေသနေပြည်သူများနှင့် မြို့ပြနေ အခြေခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင် ရေး ရန်ပုံငွေများဖြင့် ထိထိရောက်ရောက် အကောင်အထည်ဖော် လျက်ရှိသည်။

မြန်မာနိုင်ငံတွင် သမဝါယမစနစ်ကို ၁၉ ရာစုနှစ် အစဦးပိုင်း၌ စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့မှစတင်ခဲ့သည်မှာ နှစ်ပေါင်း ၁၀၀ ကျော် နိုင်ငံတော်ပြုပြင်ပြောင်းလဲမှုကို လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်ခဲ့ကြသည်။ သမဝါယမသည် ရေရှည်ဖွံ့ဖြိုးတိုးတက်ပြီး လူမှုစီးပွားဘဝမြှင့်တင်နိုင်သည့် စနစ်ပင်ဖြစ်သည်။

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသော မိုးစပါးစိုက်ပျိုးရေး လုပ်ငန်းများ အောင်မြင်ရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ အချိန်မီပြီးစီးရေး သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ဇူလိုင် ၂၄ ရက်က ရေတာရှည်မြို့နယ် သပြေတန်းကျေးရွာရှိ ယွန်းလျှံလယ်ယာ အထောက်အကူပြုစခန်း၊ မိုးစပါးစိုက်ပျိုးမည့် သမဝါယမအသင်းသား တောင်သူများ၊ ဖြူးမြို့နယ် ကျီးမနိုးကျေးရွာရှိ လူငယ်အားမာန် စိုက်ပျိုးရေးနှင့် လုပ်ငန်းစုံသမဝါယမအသင်းလီမိတက်မှ အသင်း အမှုဆောင်များ၊ မိုးစပါးစိုက်ပျိုးမည့် သမဝါယမအသင်းသား တောင်သူများအားတွေ့ဆုံကာ လုပ်ငန်းလိုအပ်ချက်များကို ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ပေးသည်။

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးမည့် သမဝါယမအသင်းသား တောင်သူများအား လိုအပ်သည့်မျိုးသွင်း အားစု၊ နည်းပညာ၊ အရင်းအနှီးများ ထောက်ပံ့ပေးလျက်ရှိရာ အမှန်တကယ် ဆောင်ရွက်လိုသူများဖြင့် သမဝါယမအသင်းအဖွဲ့များ ဖွဲ့စည်း၍ အောင်မြင်အောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ နေရာယူထုံးတို့သည့် ရေပေါ်ဆီများမပါဝင်ရန် အရေးကြီးသကဲ့သို့၊ အသင်းပိုင်မြေဧကများကို အကျိုးရှိစွာ အသုံးပြုရေး၊ သဘာဝ မြေဩဇာများ ရောနှောအသုံးပြုခြင် အထွက်တိုးမျိုးစပါးများ စိုက်ပျိုးခြင်းဖြင့် ပန်းတိုင်အထွက်နှုန်းတိုးကာ ဝင်ငွေတိုးပွားလာမည် ဖြစ်သည်။

ဆင်းရဲ၊ နွမ်းပါးသူများသည် စားရေး၊ ဝတ်ရေး၊ နေရေး မကြောင့် ကြရန်လိုအပ်ပြီး အလုပ်အကိုင်ရရှိရေးသည် အဓိကကျသည်။ တစ်ဦးချင်း အလုပ်ကြိုးစားလုပ်ကိုင်ခြင်းဖြင့် မိမိဘဝတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ အမှန်တကယ် ဆောင်ရွက်လိုသော တောင်သူများဖြင့် သာတူညီမျှ သမဝါယမကို အကောင်အထည်ဖော် ကြိုးပမ်းဆောင်ရွက်စေချင်ကြောင်း။      ။






အခြားဆက်စပ်သတင်းများ