နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သာတူညီမျှ သမဝါယမ

ရန်ကုန်   ဇွန်   ၂၂


မြန်မာနိုင်ငံတွင် သမဝါယမစနစ်ကို ၁၉ ရာစုနှစ်အစဦးပိုင်း၌ စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့မှ စတင်ခဲ့ သည်။ နှစ်ပေါင်း ၁၀၀ ကျော် ပြည်သူလူထု၏အကျိုးကို တတ်စွမ်းသမျှ သမဝါယမစနစ်ဖြင့်ဆောင်ရွက်ခဲ့သည်။ သမဝါယမစနစ်သည် နိုင်ငံတော်ပြုပြင်ပြောင်းလဲမှုကို လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်ခဲ့ကြသည်။ 


သမဝါယမစနစ်၏ အနှစ်သာရမှာ ကိုယ့်အားကိုယ်ကိုးခြင်း၊ ကိုယ်တိုင်ပါဝင်ဆောင်ရွက်ခြင်း၊ အများဆန္ဒ နှင့်အညီစီမံခန့်ခွဲခြင်း၊ တန်းတူညီမျှခြင်း၊ တရားမျှတခြင်း၊ စည်းလုံးညီညွတ်ခြင်းတို့ဖြစ်သည်။ နိုင်ငံတော်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုစီးပွားဘဝမြှင့်တင်ရေးနှင့် ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းစဉ်များတွင် ကျေးလက်ဒေသနေပြည်သူများနှင့် မြို့ပြနေအခြေခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရေး သမဝါယမစီးပွားရေးလုပ်ငန်းများဖြင့် အမှန်တကယ်ထိရောက်အောင် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည်။ 


ယနေ့အချိန်အခါတွင် COVID-19 ရောဂါကြောင့် ဈေးကွက်ပျက်၍ လေလွင့်ဆုံးရှုံးမည့် ရှမ်းပြည် နယ်မှ ဂေါ်ဖီထုပ်များကို သမဝါယမအသင်းများက ပေါက်ဈေးအတိုင်းဝယ်ယူ၍ မြန်မာပြည်အနှံ့ဈေးရင်းအတိုင်း ဖြန့်ဖြူးရောင်းချပေးရာ တောင်သူတို့အရင်းမပျောက်ငွေများကို အကျိုးရှိစွာအသုံးချနိုင်ပေသည်။


ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးရှိ သမဝါယမအသင်းသားများ၏ လယ်ယာမြေများတွင် လယ်ယာအထောက်အကူပြုဝန်ဆောင်မှု သမဝါယမအသင်းများမှ ကုန်ထုတ်လမ်းများဖောက်ခြင်း၊ ရေသွင်း ရေနုတ်မြောင်းများတူးဖော်ပေးခြင်း၊ အဆင့်မြင့်မြေယာများအဖြစ် ပြုပြင်ပြောင်းလဲခြင်း၊ ခေတ်မီစက်ကိရိယာ များနှင့်တွန်ယက်ပေးခြင်း၊ အလေအလွင့်အနည်းဆုံးဖြင့် ရိတ်သိမ်းခြွေလှေ့ပေးခြင်း၊ နည်းပညာဓာတ်မြေ ဩဇာနှင့်ပိုးသတ်ဆေးစသည်တို့ကို သီးနှံပေါ်ပေးစနစ်ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိသည်။ စိုက်ပျိုးရေးဦးစီး ဌာနက နည်းပညာများဖြင့် စိစစ်ထားသောအရည်အသွေးကောင်းမွန်သည့် မျိုးစပါးများကို မျိုးစေ့ထုတ်သမဝါယမအသင်းများက ဈေးနှုန်းချိုသာစွာရောင်းချပေးလျက်ရှိသည်။


သမဝါယမအသင်းများသည် ဈေးကွက်စီးပွားရေးနှင့်အညီအသင်းသားများအား အသေးစားအရင်းအနှီး ချေးငွေပံ့ပိုးခြင်း၊ အသင်းသားတောင်သူလယ်သမားများကို လက်မှုလယ်ယာမှ စက်မှုလယ်ယာစနစ်ပြောင်းလဲ ရန် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း၊ အသေးစားစက်မှုလုပ်ငန်း၊  သွင်းအားစုထောက်ပံ့ပေးခြင်းလုပ်ငန်း၊ လယ်ယာမြေအဆင့်မြှင့်တင်ပြုပြင်ခြင်းလုပ်ငန်း၊ Hire Purchase စနစ်ဖြင့်စက်ကိရယာများရောင်းချ ခြင်းလုပ်ငန်း၊  လယ်ယာဝန်ဆောင်မှုလုပ်ငန်း၊မျိုးစေ့ထုတ်လုပ်ခြင်းလုပ်ငန်း၊ အသင်းအဆင့်မြှင့်တင်ခြင်း   လုပ်ငန်း၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် စံနမူနာပြမြို့နယ်များကို ပံ့ပိုးချေးငွေထောက်ပံ့ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ 


မိမိဘဝတိုးတက်အောင် တစ်ဦးချင်းအလုပ်ကြိုးစားလုပ်ကြရန်လိုအပ်ပေရာ လူမှုစီးပွားဘဝမြှင့်တင်ရာ တွင် သာတူညီမျှ သမဝါယမလုပ်ငန်းများက လက်တွေ့ကျမှန်ကန်သည့်လုပ်ငန်းစဉ်ဖြစ်ပါကြောင်း ။






အခြားဆက်စပ်သတင်းများ