နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မွန်မြတ်သည့်စိတ်ထားဖြင့် လုပ်ဆောင်နိုင်ရေး

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွေ့ကျကျ အကောင် အထည်ဖော်ရာတွင် နိုင်ငံတော်တည်ငြိမ်အေးချမ်းသာယာရေးသည် အရေးကြီးသည်။ လောကတစ်ခွင် ထာဝရငြိမ်းချမ်းသာယာစေချင် သည်မှာ လူတိုင်း၏ လိုအင်ဆန္ဒဖြစ်သည်။ 

မသမာမှုပြုလုပ်ရန်၊ လွှမ်းမိုးရန်၊ ခြောက်လှန့်ရန်အစရှိသည်တို့ အတွက် အကျပ်ကိုင်ခြင်း၊ အင်အားသုံးခြင်း၊ ခြိမ်းခြောက်ခြင်းတို့ အား အသုံးပြုမှုကို အနိုင်ကျင့်ခြင်းဖြစ်သည်။ အနိုင်ကျင့်ခြင်းသည် တစ်ဦးချင်း အနိုင်ကျင့်မှုမှသည် အုပ်စုဖွဲ့အနိုင်ကျင့်ခြင်းအထိ အတိုင်းအတာ ကျယ်ပြန့်သည်။

အကျည်းတန်အရုပ်ဆိုးသည့် ပတ်ဝန်းကျင်၊ မနှစ်မြို့ဖွယ် ရာ ရပ်ဝန်းတို့ကို မည်သူမျှ အလိုရှိမည်မဟုတ်ချေ။ အားလုံးမှာ အေးချမ်းစွာ နေထိုင်ချင်သဖြင့် ငြိမ်းချမ်းမှုကို ဖျက်ဆီးမည့်အရာ မှန်သမျှကို သတိပြုကြရမည်ဖြစ်သည်။

ပြည်သူလူထုအကျိုး၊ ပြည်သူတို့၏ လူမှုစီးပွားရေးဘဝတို့ကို ကူညီဖော်ဆောင်ပေးကြရာတွင် အပြုသဘောဆောင် အကောင်းမြင် စိတ်ထားကာ စေတနာသန့်သန့်ဖြင့် ကူညီဆောင်ရွက်ပေးခြင်းသည် မွန်မြတ်သည့် လုပ်ငန်းတစ်ရပ်ဖြစ်သည်။

ပြည်သူလူထု၏ လိုအပ်ချက်ကိုအကြောင်းပြု၍ အဘက်ဘက် တွင် အကျပ်အတည်း အခက်အခဲဖြစ်အောင် အပြုသဘောမဆောင် သည့် အပြုအမူများ၊ ဆောင်ရွက်မှုများကို သတိထားရှောင်ကြဉ်ကြ ရမည်ဖြစ်သည်။

ပြည်သူလိုလားချက်ကိုအကြောင်းပြု၍ အပြုသဘောမဆောင် သော ဆောင်ရွက်ချက်များသည် ပျက်စီးရာ ပျက်စီးကြောင်းကို ဖြစ်စေနိုင်သော မှန်ကန်သောလုပ်ဆောင်မှုဟု ဆိုရမည်ဖြစ်သည်။

အနာဂတ်တွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေးတိုးတက်ရေး အတွက် ပညာရေးကိုမြှင့်တင်ဆောင်ရွက်ရမည်ဟု နိုင်ငံတော် အကြီးအကဲက မှာကြားထားရာ ဒေသတွင်း တည်ငြိမ်အေးချမ်းမှု ရှိရေးသည် အရေးပါသည်။ 

ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူ တစ်ရပ်လုံး ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။

ဘေးပယောဂတွန်းအားပေးမှုကြောင့် မဖြစ်သင့်၊ မဖြစ်ထိုက် သည်တို့ကို မဖြစ်ပွားအောင် ဆင်ခြင်စေချင်ကြောင်း တိုက်တွန်း နှိုးဆော်ရပါသည်။       ။






အခြားဆက်စပ်သတင်းများ