နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန် တိုက်တွန်းနှိုးဆော်

ဂျပန်နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုအရေအတွက် တဖြည်းဖြည်းမြင့်တက်လာကြောင်း ဆေးဘက်ဆိုင်ရာအဆောက် အအုံများတွင် ပျမ်းမျှကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၁၁  ဒသမ ၀၄ ရှိပြီး လွန်ခဲ့သောသီတင်းပတ်ထက် ၂၀ ရာခိုင်နှုန်းတိုးလာကြောင်း အဆိုပါပမာဏသည် ၁၅ ကြိမ်မြောက် တစ်ပတ်ပြီးတစ်ပတ် ကိုဗစ် -၁၉ ကူးစက်ဖြစ်ပွားသူတိုးလာကြောင်း ဂျပန်ကျန်းမာရေးဝန်ကြီး ဌာနက ဇူလိုင် ၂၁ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

 ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံထားခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှင့်ပြင်းထန်မှုတို့ကို လျော့နည်းစေ နိုင်ခြင်း ( အထူးအားဖြင့် နာတာရှည်ရောဂါခံစားနေရသူများနှင့် သက်ကြီးရွယ်အိုများ) ရောဂါ၏နောက်ဆက်တွဲပြဿနာဖြစ်သည့် ကိုယ်တွင်း အင်္ဂါများ ထိခိုက်ပျက်စီးမှုမှသည် အသက်အန္တရာယ် ဆုံးရှုံးမှုဖြစ်သည်အထိဖြစ်ပေါ်ခြင်းမှ လျှော့ချနိုင်ခြင်းတို့ကြောင့် အသက်ငါးနှစ်နှင့်အထက်ရှိသော  ပြည်သူလူထုအားလုံးသည် နီးစပ်ရာ ကျန်းမာရေးဌာနများနှင့်ဆက်သွယ်၍ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် ထပ်ဆောင်း ကာကွယ်ဆေး) များကို မဖြစ်မနေသွား‌ရောက်ထိုးနှံပါရန် ကျန်းမာရေး ဝန်ကြီးဌာနက အသိပေးနှိုးဆော်ထားသည်။

ပြည်သူလူထုအနေဖြင့် ကိုဗစ် -၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် နေအိမ်ပြင်ပသို့သွားရောက်ရာတွင် နာခေါင်းစည်း  ( Mask     ) မဖြစ်မနေဝတ်ဆင်ကြရန်နှင့် လက်ကို မကြာခဏ‌ဆေးကြောခြင်း၊  တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေထိုင် ကြရန် အထူးဂရုပြုပူးပေါင်းဆောင်ရွက်သင့်ကြောင်း  အသိပေး ထုတ်ပြန်ထားသည်။ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် "ရုံးလုပ်ငန်းဌာနများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရန်အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းလမ်းညွှန်ချက်" နှင့် "တစ်ဦးကိုတစ်ဦး အသိပေးခြင်း၊ သတိပေးခြင်း၊ မိသားစုစီမံချက်" အတိုင်း ကိုဗစ်-၁၉ ရောဂါကာကွယ်နည်းလမ်းများကို အသိပေးခြင်းနှင့်သတိပေးခြင်း တို့ လူတိုင်း၊ မိသားစုတိုင်း ပူးပေါင်းဆောင်ရွက်ကြရန် မေတ္တာရပ်ခံ ထားသည်။

 သို့ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးတွင် ကာကွယ်ဆေး ထိုးနှံထားခြင်းဖြင့် ကူးစက်မှုနှင့်ပြင်းထန်မှုတို့ကို လျော့နည်းစေရေး ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် ကိုယ်စီအသိစိတ်ဖြင့် ကာကွယ် ဆေးထိုးနှံရန် တိုက်တွန်းနှိုးဆော်ရပါကြောင်း။   ။







အခြားဆက်စပ်သတင်းများ