နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စပိန်နိုင်ငံတွင် COVID-19 ကူးစက်ပျံ့နှံ့မှု အမြင့်ဆုံးအချိန် ကျော်လွန်ရန် နီးစပ်နေဟု ဆို

ဧပြီ ၅၊ မက်ဒရစ် စပိန်နိုင်ငံတွင် COVID-19 ကြောင့် သေဆုံးသူအရေအတွက် နှစ်ရက်ဆက်တိုက် ကျဆင်းခဲ့ရာ ရောဂါကူးစက်ပျံ့နှံ့မှု အမြင့်ဆုံးအချိန် ကျော်လွန်ရန် နီးစပ်နေပြီဟု စပိန်ဝန်ကြီးချုပ် ပက်ဒရိုဆန်းချက်ဇ်က ပြောသည်။ သို့သော် စည်းမျဉ်းကန့်သတ်မှုများက လူ့အသက်များ ကယ်တင်နိုင်သည်ဟုဆိုကာ စပိန်နိုင်ငံတစ်ဝန်း ပိတ်ဆို့ထားမှုကို ဧပြီလ ၂၅ ရက်အထိ သက်တမ်းတိုးမြှင့်ခဲ့သည်။ ဧပြီလ ၄ ရက်က စပိန်နိုင်ငံတွင် COVID-19 ‌ကြောင့် သေဆုံးသူ ၈၀၉ ဦးရှိခဲ့ရာ ရက်သတ္တပတ်အတွင်း သေဆုံးမှုအနည်းဆုံး ဖြစ်ခဲ့သည်။ စည်းမျဉ်းကန့်သတ်မှုများကို ဖြေလျှော့မှု အစီအစဉ် တစ်စိတ်တစ်ပိုင်းအဖြစ် စပိန်နိုင်ငံ အရာရှိများက ပြည်သူအားလုံးအတွက် နှာခေါင်းစည်းများရရှိရန် ကြိုးပမ်းလျက်ရှိသည်။ လက်ရှိအချိန်တွင် စပိန်နိုင်ငံတွင် နှာခေါင်းစည်း ဝယ်ယူရရှိရန် မလွယ်ကူပေ။ နှာခေါင်းစည်းများမှာ ဆေးရုံပြင်ပတွင် အသုံးဝင်မှု နည်းပါးသည်ဟု အစောပိုင်းတွင် စပိန်အစိုးရက ပြောခဲ့ဖူးသည်။ သို့သော် အနောက်နိုင်ငံများတွင် နှာခေါင်းစည်းတပ်ဆင်မှုနှင့်ပတ်သက်သည့် အမြင်များ ပြောင်းလဲနေပြီး အမေရိကန်အာဏာပိုင်များက လူကြားထဲ သွားလာလှုပ်ရှားရာတွင် နှာခေါင်းစည်းစည်းရန် အကြံပြုထားသည်။ စပိန်နိုင်ငံတွင် COVID-19 ကူးစက်ခံရသူ ၁၂၄၇၃၆ အထိ ရှိလာရာ အီတလီနိုင်ငံထက် ပိုများလာခဲ့ပြီး စုစုပေါင်း လူ ၁၁၇၄၄ ဦး သေဆုံးခဲ့သည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ