နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကာ့ဒ်ကိုဘိန်း၏ဂစ်တာကို အမေရိကန်ဒေါ်လာ ၆ သန်းဖြင့် လေလံဆွဲ

ဝါရှင်တန်  ဇွန်   ၁၄


ကြုံတောင့်ကြုံခဲ Acoustic ဖျော်ဖြေပွဲတစ်ခုတွင် Nirvana တေးဂီတအဖွဲ့၏ ရှေ့ထွက်အဆိုတော် ကာ့ဒ်ကိုဘိန်း တီးခတ်ခဲ့သည့် ဂစ်တာမှာ လေလံပွဲတွင် စံချိန်တင်ဈေးနှုန်းအမေရိကန်ဒေါ်လာ ၆ သန်းဖြင့် လေလံအောင်မြင်ခဲ့သည်။ ကာ့ဒ်ကိုဘိန်းသည် ၁၉၉၃ ခုနှစ်က MTV Unplugged ဂီတဖျော်ဖြေပွဲတွင် acoustic-electric 1959 Martin D-18E ဂစ်တာကို တီးခတ်ခဲ့သည်။ ကာ့ဒ်ကိုဘိန်းမှာ အဆိုပါဖျော်ဖြေပွဲအပြီး နောက်ငါးလအကြာတွင် ကွယ်လွန်ခဲ့သည်။ စရိတ်အားလုံး တွက်ချက်ပါက အမေရိကန်ဒေါ်လာ ၆ ဒသမ ၀၁ သန်းကုန်ကျသည့် အဆိုပါဂစ်တာမှာ လေလံပွဲတွင် ရောင်းချသည့် ဂစ်တာများအနက် ဈေးအကြီးဆုံး ဂစ်တာဖြစ်ကြောင်း Julien's Auctions လေလံကုမ္ပဏီက ပြောသည်။


လော့စ်အိန်ဂျလိစ်မြို့တွင် ကျင်းပခဲ့သည့် လေလံပွဲ၌ အဆိုပါဂစ်တာကို ကြမ်းခင်းဈေး အမေရိကန်ဒေါ်လာ တစ်သန်းဖြင့် စတင်ခဲ့ရာ Rode Microphones ကုမ္ပဏီကိုတည်ထောင်သူ ပီတာဖရိဒ်မန်းက လေလံအောင်မြင် ခဲ့ခြင်းဖြစ်သည်။ Nirvana အဖွဲ့၏ MTV Unplugged တေးဂီတဖျော်ဖြေပွဲမှာ သမိုင်းတစ်လျှောက် အကြီးကျယ်အခမ်းနားဆုံး ဖျော်ဖြေပွဲတစ်ရပ်အဖြစ် သတ်မှတ်ခံထားရသည်။ ကာ့ဒ်ကိုဘိန်း၏ ဂစ်တာကို ကမ္ဘာအနှံ့ဖျော်ဖြေပွဲများတွင် သယ်ဆောင်သွားပြီး ရရှိလာသည့် အကျိုးအမြတ်ကို ပါဖောင်းမန့်အနုပညာ ဖန်တီးမှုများအတွက် ထောက်ပံ့ပေးသွားရန် စီစဉ်ထားသည်ဟု ဆိုသည်။                 KNT






အခြားဆက်စပ်သတင်းများ