နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂေဟစနစ်ထိန်းသိမ်းရေး ကြိုးပမ်းဆောင်ရွက်

ကမ္ဘာ့လူသားတစ်ရပ်လုံးကို ကျရောက်နေသည့် ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များကို တိုက်ဖျက်ရန် ကမ္ဘာတစ်ဝန်းက ပူးပေါင်း ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အကြံပြု ထားသည်။ နေ့စဉ်မိုးလေဝသအခြေအနေများကိုကြည့်ရှု၍ ကျန်းမာရေး လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း အသိ ပေးထားသည်။ ရာသီဥတုပြောင်းလဲမှုနှင့်သက်ဆိုင်သည့် ကျန်းမာရေး ပြဿနာများကို ဖြေရှင်းရေး ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မှတ်ချက်ပြုထားသည်။

 ရာသီဥတုပြောင်းလဲမှုများတွင် ကမ္ဘာတစ်ဝန်းသစ်တောများ ပြုန်းတီးလာသည့်အတွက် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့နှင့်  ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုများပြားလာခြင်းစသည့် အကြောင်း ရင်းများကြောင့် ဖြစ်သည်။

 ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့သည် ၁၉၇၀ ပြည့်နှစ်မှ ၂၀၀၀ ပြည့်နှစ်အတွင်း နှစ်ဆနီးပါးမြင့်တက်လာရာမှ ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်း နှစ်စဉ်ပျမ်းမျှ ၂ ဒသမ ၂ ရာခိုင်နှုန်းမြင့်တက် လာကြောင်း ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အစိုးရချင်းဖွဲ့စည်းထား သော အဖွဲ့အစည်းက ထုတ်ပြန်သတိပေးထားသည်။

 လက်ရှိအခြေအနေတွင် ကမ္ဘာတစ်ဝန်း ဖန်လုံအာနိသင် ဓာတ်ငွေ့ များ ထုတ်လွှတ်မှုသည် လျင်မြန်စွာမြင့်တက်နေလျက်ရှိကြောင်း၊ ကမ္ဘာတစ်ဝန်းက အစီအမံများပြုလုပ်ထိန်းချုပ်သွားရန်လိုကြောင်း ကုလသမဂ္ဂအသိပေးချက်တစ်ရပ် ထုတ်ပြန်ထားသည်။

ကမ္ဘာအသိုက်အဝန်းက ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့များ ထုတ်လွှတ်မှုလျှော့ချသွားရန် လျင်လျင်မြန်မြန် ဆောင်ရွက်သွား   ရန်လိုအပ်သည်။

မြေကမ္ဘာကိုဒုက္ခပေးနေသော ကာဗွန်ဓာတ်ငွေ့လျှော့ချရေးကို အသိပညာရှင်၊ အတတ်ပညာရှင်များက ဆွေးနွေးညှိနှိုင်းအဖြေရှာ နေကြသည်။ အင်အားကြီးနိုင်ငံခေါင်းဆောင်များကလည်း တွေ့ဆုံ ညှိနှိုင်းလျက်ရှိသည်။ အိုဇုန်းလွှာသည် ကမ္ဘာမြေပြင်ပေါ်သို့  နေမှ ကျရောက်သည့် ဘေးအန္တရာယ်ရှိသော ခရမ်းလွန်ရောင်ခြည်ကို ၉၉ ရာခိုင်နှုန်းအထိ စုပ်ယူပေးသည့်သဘာဝ အကာအရံပင်ဖြစ်သည်။

သဘာဝတော၊ တောင်၊ ရေအရင်းအမြစ်၊ သစ်တောများစသဖြင့် သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုမရှိအောင် ကာကွယ်ထိန်းသိမ်း ရေးလုပ်ငန်းများကိုလည်း လုပ်ဆောင်သွားရမည်ဖြစ်သည်။ ကာဗွန် ဒိုင်အောက်ဆိုဒ်ထုတ်လွှတ် ထိထိရောက်ရောက်ကိုင်တွယ်ဆောင် ရွက်ရာတွင် သစ်တောသစ်ပင်များ စိုက်ပျိုးခြင်းသည် ဂေဟစနစ်ကို ထိန်းသိမ်းရာတွင် အထောက်အပံ့ဖြစ်သည်ဟု ဆိုချင်ပါကြောင်း။  ။






အခြားဆက်စပ်သတင်းများ