နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပိုင်ဆိုင်မှုရှင်းတမ်း မထုတ်ပြနိုင်ပါက ပိုင်ဆိုင်မှုပစ္စည်းများ သိမ်းဆည်းခံရမည်ဟု ဇင်ဘာဘွေအာဏာပိုင်များ သတိပေး

ဟာရာရီ   ဇွန်   ၁၄


ပိုင်ဆိုင်မှုရှင်းတမ်း မထုတ်ပြနိုင်ပါက ပိုင်ဆိုင်မှုပစ္စည်းများ သိမ်းဆည်းခံရနိုင်သည်ဟု ဇင်ဘာဘွေနိုင်ငံ အာဏာပိုင်များက ပြည်သူများကို သတိပေးထားသည်။ အဆိုပါ စစ်ဆင်ရေးသစ်မှာ ''လူချမ်းသာများ၏ ဘဝနေထိုင်မှုပုံစံကို အပ်ကျမတ်ကျစာရင်းစစ်မှု'' ဖြစ်သည်ဟု ဇင်ဘာဘွေနိုင်ငံ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ မိုယိုက ပြောသည်။ ဇင်ဘာဘွေနိုင်ငံမှာ ဆယ်စုနှစ်တစ်ခုကျော်ကာလအတွင်း အဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်း ရင်ဆိုင်နေရပြီး ဝန်ဆောင်မှုကဏ္ဍများ ညံ့ဖျင်းခြင်း၊ အကျင့်ပျက် ခြစားခြင်းများကြောင့် ပြည်သူလူထု၏ အမျက်ဒေါသ ကြုံတွေ့လျက်ရှိသည်။


နေ့ချင်းညချင်း အကြောင်းမဲ့ ချမ်းသာလာသူများကို ဖြေရှင်းချက်တောင်းခံရန် ၂၀၁၉ ခုနှစ် ဇူလိုင်လတွင် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကော်မရှင်က လုပ်ပိုင်ခွင့်ရရှိခဲ့ရာ ယခုစစ်ဆင်ရေးတွင် အဆိုပါ လုပ်ပိုင်ခွင့်ကို အသုံးပြုခြင်းဖြစ်သည်။ စုံစမ်းစစ်ဆေးခံရသူများအနေဖြင့် ယင်းတို့၏ချမ်းသာမှုများကို စာရင်းပြရန် အထက်တရားရုံးတွင် တရားရင်ဆိုင်နိုင်သော်လည်း စာရင်းပြနိုင်ခြင်းမရှိပါက ပိုင်ဆိုင်မှုပစ္စည်းများ သိမ်းဆည်းခံရမည်ဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင် အိုင်ယာလန်နှင့် ဗြိတိန်နိုင်ငံများကလည်း အကြောင်းမဲ့ ချမ်းသာမှုများကို စုံစမ်းစစ်ဆေးရန် ယင်းတို့၏ဥပဒေများကို ပြင်ဆင်ပြောင်းလဲခဲ့ဖူးသည်။                       KNT






အခြားဆက်စပ်သတင်းများ