နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဇာနည်ခေါင်းဆောင် များကို ဂုဏ်ပြု ဦးညွှတ်အလေးပြု

၂၀၂၃ ခုနှစ် ဇူလိုင် ၁၉ ရက် ယနေ့သည် ၇၆ နှစ်မြောက် အာဇာနည်နေ့ဖြစ်သည်။ မိမိတို့မြန်မာပြည်သူပြည်သားအားလုံး သည် အာဇာနည်နေ့သို့ရောက်တိုင်း အတိတ်ကာလက အာဇာနည် ခေါင်းဆောင်ကြီးများ၏  တိုင်းပြည်လွတ်လပ်ရေးနှင့် ပြန်လည် ထူထောင်ရေးတို့အတွက် မနားမနေကြိုးပမ်းကြရင်း မသမာသူ အကြမ်းဖက်လူသတ်သမားများက အမျိုးသားခေါင်းဆောင်ကြီးများ အား  ရက်စက်စွာလုပ်ကြံသတ်ဖြတ်ခဲ့မှုကြောင့် တိုင်းပြည်အတွက် ကြီးမားသောဆုံးရှုံးမှုအဖြစ်ဆိုးကြီးကို စွဲတင်ကျန်ရစ်နေခဲ့သည်။

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်တို့၏ ထူးခြားထင်ရှားသည့် ကိုယ်ရည်ကိုယ်သွေး နိုင်ငံချစ်စိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်တို့ကို လည်း ပြန်ပြောင်းအောက်မေ့ကာ အလေးအမြတ်ပြုကြရသည်။

 ဇူလိုင် ၁၉ ရက်နေ့ရောက်တိုင်း ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား ဦးညွှတ်အလေးပြုသည့်   ဂုဏ်ပြုအထိမ်းအမှတ်အခမ်းအနားများကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် နိုင်ငံတစ်ဝန်းတွင် ကျင်းပကြသည်။

 ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်များ၊ ဗမာ့တပ်မတော်သားများနှင့် တိုင်းရင်းသားပြည်သူများလက်တွဲ မဖြုတ်စတမ်း တိုက်ယူခဲ့ရသည့် လွတ်လပ်ရေးကို ကမ္ဘာတည်သရွေ့  အဓွန်ရှည်တည်တံ့စေရန်၊ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာခိုင်မြဲ တည်တံ့ရေးနှင့်တိုင်းရင်းသားညီညွှတ်မှု မပြိုကွဲရေးသည် အရေးပါ သည်။

 ယနေ့ကမ္ဘာ့အင်အားကြီးနိုင်ငံများက နိုင်ငံငယ်များ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ပြီး တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှုပြိုကွဲအောင် နည်းလမ်းမျိုးစုံဖြင့် စွက်ဖက်လျက် ရှိသည်။

 အမျိုးသားခေါင်းဆောင်ကြီး၊ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည့် ဤနေ့တွင် အာဇာနည်ခေါင်းဆောင်ကြီးများအား ဦးညွှတ်အလေးပြုကြပြီး လွတ်လပ်ရေးအဓွန့်ရှည်တည်တံ့ရေး၊ နိုင်ငံတော်သာယာဝပြောရေး၊ အေးချမ်းတည်ငြိမ်ရေးတွင် ပါဝင်ဆောင် ရွက်ကြရမည်ဖြစ်ပါကြောင်း။    ။







အခြားဆက်စပ်သတင်းများ