နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နယူးယော့ခ်ပြည်နယ်တစ်ခုတည်းတွင် COVID-19 ကြောင့် သေဆုံးသူ ၃၅၆၅ ဦး ရှိလာ

ဧပြီ ၅၊ ဝါရှင်တန် အမေရိကန်နိုင်ငံ နယူးယော့ခ်ပြည်နယ်တွင် COVID-19 ‌ကြောင့် တစ်ရက်အတွင်း စံချိန်တင် လူသေဆုံးမှုအဖြစ် လူ ၆၃၀ ကျော် သေဆုံးခဲ့ပြီး စုစုပေါင်းသေဆုံးသူ ၃၅၆၅ ဦးအထိ ရှိလာခဲ့သည်။ နယူးယော့ခ်ပြည်နယ်တွင် သေဆုံးသူအများစုမှာ နယူးယော့ခ်မြို့မှ ဖြစ်သည်။ နယူးယော့ခ် ပြည်နယ်တစ်ခုတည်းတွင် COVID-19 ကူးစက်ခံရသူ ၁၁၃၀၀၀ ကျော်ရှိနေပြီး အဆိုပါပမာဏမှာ အီတလီတစ်နိုင်ငံလုံး၏ ကူးစက်ခံရမှုပမာဏနှင့် တူညီနေသည်။ လာမည့်လေးရက်မှ ၁၄ ရက်အတွင်း ရောဂါကူးစက်ပျံ့နှံ့မှု အထွတ်အထိပ်ဖြစ်လာလိမ့်မည်ဟု ပြည်နယ်အုပ်ချုပ်ရေးမှူး အန်ဒရူးကွာမိုက ပြောသည်။ နယူးယော့ခ်ပြည်နယ်တွင် အသက်ရှူစက်များ ပိုမိုရရှိစေရန် ရှာဖွေလျက်ရှိသည်ဟု အန်ဒရူးကွာမိုက ဆိုသည်။ နယူးယော့ခ်ပြည်နယ်သို့ အသက်ရှူစက် ၁၀၀၀ ပေးပို့ခဲ့သည်အတွက် အန်ဒရူးကွာမိုက တရုတ်နိုင်ငံကို ကျေးဇူးတင်စကားဆိုခဲ့သည်။ ထို့အပြင် အော်ရီဂွန်ပြည်နယ်က နောက်ထပ်အသက်ရှူစက် ၁၄၀ ထပ်မံပေးပို့လိမ့်မည်ဟု ယင်းက ဆိုသည်။ နယူးယော့ခ်ပြည်နယ်အနေဖြင့် လိုအပ်သည့် အထောက်အကူပစ္စည်းများ ရရှိလိမ့်မည်ဟု အန်ဒရူးကွာမိုကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောသည်။ အမေရိကန်နိုင်ငံတွင် COVID-19 ကူးစက်ခံရသူ ၃၀၀၀၀၀ ကျော်ရှိလာခဲ့ပြီး သေဆုံးသူ ၈၀၀၀ ကျော် ရှိနေသည်။ ကမ္ဘာတစ်ဝန်းတွင် COVID-19 ကူးစက်ခံရသူ ၁ ဒသမ ၁ သန်းကျော်ရှိနေပြီး လူ ၆၀၀၀၀ ကျော် သေဆုံးခဲ့သည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ