နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လောကဓမ္မ နှစ်ဖြာသော အကျိုးပြုသူများ

ယနေ့ကာလ၌ ရပ်ရွာများတွင် လူမှုရေး၊ ဘာသာရေးလုပ်ငန်း များ ပိုမိုလုပ်ဆောင်လာကြရာ ရပ်သူရွာသားများ ချစ်ခင်ရင်းနှီးမှု မိမိရပ်ရွာဖွံ့ဖြိုးတိုးတက်မှုကို တိုးပွားစေသည်။ မိမိရပ်ရွာတွင် အသင်းအပင်းဖွဲ့ကာ ကောင်းသောအပြုအမူများကို ပြုကြသည်မှာ အကျိုးကျေးဇူး များလှသည်။ ထိုကောင်းမြတ်သော အကျင့်များကို အများသူဌာအနေဖြင့် အတုယူသင့်သည်။

 တစ်ဦးနှင့်တစ်ဦးအချင်းချင်းကြား ရိုင်းပင်ကူညီ၊ ဖေးဖေးမမနှင့် နွေးထွေးမှုပေးတတ်ခြင်းသည် လူမှုနယ်ပယ်၏ လူသားပီသမူ သင်္ကေတလက္ခဏာတစ်ခုဖြစ်သည်။ ဤအမူအကျင့်ကောင်းမျိုး လူတိုင်းမှာမရှိပါ။

မိမိတို့နိုင်ငံတွင်လည်း လူတစ်ဦးလူတစ်စုမှ အဖွဲ့အစည်းတစ်ခု စသဖြင့် တူရာတူရာစုစည်းကာ ကူညီပံ့ပိုး၍လောကအကျိုးသယ်ပိုး နေကြသူများ၊ အဖွဲ့အစည်းများ အများအပြားရှိနေသည်။ နာရေး၊ သာရေး၊ လူမှုရေးလုပ်ငန်းများ မေတ္တာကိုအခြေခံသည့် ဘာသာရေး အဆုံးအမအောက်မှ မြန်မာ့လူအဖွဲ့အစည်း၏ ရိုင်းပင်းကူညီစိတ်ဓာတ်ကောင်းများပင်ဖြစ်သည်။

 မြန်မာတို့၏ ရပ်သူရွာသားဘဝကား အဖိုးတန်လှသည်။ အဖိုး တန်လှသောဘဝများကို လူတိုင်း ခံစား၊ စံစားနိုင်ရေးအတွက် မသိ နားမလည်သူ၊ အသိလွဲမှားသူတို့ကို အသိမှန်၊ အကျင့်မှန်၊ အယူမှန် သော သမ္မာဒိဌိများဖြစ်လာစေရန် ကြိုးပမ်းဆောင်ရွက်သင့်သည်။

 ယနေအချိန်အခါတွင် ရပ်ရွာများ၌ ဥပုသ်သီလဆောက်တည်ပွဲ၊ ဝါဆိုသင်္ကန်းကပ်လှူပွဲ၊ ဆွမ်းလောင်းလှူပွဲများစသည့် ကောင်းသော အမှုများကို ရပ်ရွာအတွင်း စုပေါင်းဆင်နွှဲကြသည်မှာ ကြည်နူးဖွယ် ကောင်းလှသည်။ မိမိရပ်ရွာအတွင်း သာသနာပြုလုပ်ငန်း၊ လူမှု ကူညီရေးအဖွဲ့အစည်းများဖြင့် ကောင်းသောအပြုအမူများကို ရပ်ရွာ အတွင်းစုပေါင်းဆင်နွှဲကြသည်မှာ    ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာမှုကို ရရှိစေသည်။

ရပ်ရွာအတွင်း သာရေး၊ နာရေး၊ ရာသီပွဲများ၊ လူမှုရေးနှင့် အားကစားပွဲများတွင် အမှုကိစ္စအဝဝတို့ကို စုပေါင်းညီညာပါဝင် လုပ်ဆောင်ရာတွင် တက်ကြွစွာပူးပေါင်းဆောင်ရွက်ခြင်းသည် အစဉ်အလာကြီးမားသည့် မြန်မာတို့၏ပင်ကို  စိတ်ရင်းစိတ်ကူး စရိုက်ပင်ဖြစ်သည်။  ရပ်ရွာဒေသများတွင် ရပ်ရွာအကျိုးများကို ရပ်သူ ရွာသားတို့ စွမ်းပကားဖြင့် အားသွန်ခွန်စိုက်ကြိုးပမ်းဆောင် ရွက်စေချင်ကြောင်း။     ။






အခြားဆက်စပ်သတင်းများ