နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အများအကျိုးဆောင်ရွက်ရာ စုပေါင်းဆောင်ရွက်ရန် ကြိုးပမ်း

ပရဟိတစိတ်ဓာတ်သည် စိတ်ကောင်း၊ စိတ်မြတ်ဖြစ်သည်။            အများအကျိုးသယ်ပိုးဆောင်ရွက်ခြင်းသည် မွန်မြတ်သောအလုပ် ပင်ဖြစ်သည်။ လောက၌ မိမိအကျိုးဆောင်ရွက်ခြင်းနှင့် အများ အကျိုးဆောင်ရွက်ခြင်းဟူ၍ အကျိုးနှစ်ပါးဖြစ်ပေါ်စေသည့် ဆောင်ရွက်ခြင်းနှစ်မျိုးရှိသည်။ ဤနှစ်မျိုးအနက် အများအကျိုး သယ်ပိုးဆောင်ရွက်ခြင်းသည် ပရဟိတအလုပ်ဖြစ်သည်။

 လူသည်တစ်ခါတစ်ရံ  မထင်မှတ်ဘဲဒုက္ခအမျိုးမျိုးနှင့်ရင်ဆိုင် ကြုံတွေ့ရတတ်သည်။    ဘေးဒုက္ခများနှင့် ကြုံတွေ့တတ်သည်။ ထိုအခါ အများ၏အကူအညီတစ်စုံတစ်ခုလိုအပ်မည်ဖြစ်သည်။ လူတစ်ဦးတစ်ယောက်ဖြစ်စေ၊ အသင်းတစ်ဖွဲ့ဖြစ်စေ၊ ဒေသတစ်ခုခု ဖြစ်စေ ဘေးဒုက္ခကြုံတိုင်းဝိုင်းဝန်းကူညီပေးကြရသည်။ အများ အကျိုးသယ်ပိုးလိုသည့် စိတ်ကောင်း၊ စိတ်မြတ် ပရဟိတစိတ်ဓာတ် ဖြင့် ဝိုင်းဝန်းကူညီပေးကြရသည်။

 ပရဟိတစိတ်ဓာတ်သည် လူတိုင်းမွေးမြူထားရှိအပ်သော စိတ်ဖြစ်သည်။ ပရဟိတလုပ်ငန်းများကို လူတစ်ဦးမှအစပြု၍ အသင်းအဖွဲ့များဖြင့်ပါ ပြုလုပ်လာကြသည်မှာ ကမ္ဘာအနှံ့ပင်ဖြစ်လာ သည်။ လူဘဝတွင် ဖြစ်ပြန်ပျက်ပြန် လောကဓံဆိုသည့်အတိုင်း နိမ့်တစ်ခါ၊ မြင့်တစ်လှည့်ရှိတတ်သည်။ လူ့ဘဝသည်အမြဲတမ်း နိမ့်ကျမနေနိုင်သလို အမြဲတမ်းလည်း အတက်တန်းကျကျမျက်နှာ ပန်းလှမနေပါ။ အဆင်းရှိသလို အတက်လည်းရှိနိုင်သည်။

 လူမှုအသိုင်းအဝိုင်းအတွင်း  သာမှု၊ နာမှုကိစ္စအဝဝနှင့်လူမှု ဖွံ့ဖြိုးရေးလုပ်ငန်းများကြုံတွေ့လေ့ရှိရာ "အရပ်ကောင်းမှအလောင်းလှ" ဆိုသကဲ့သို့ လမ်းသူ၊ လမ်းသား ရပ်သူရွာသားတို့ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်မှ ကြုံရဆုံရဘုံဘဝ လူမှုဒုက္ခအဝဝကို ဖြေပျောက်စေနိုင် ၏။ 

"တစ်ခါသေဖူး ပျဉ်ဖိုးနားလည်" ဆိုသကဲ့သို့ သောကများကို ရပ်သူရွာသား၊ ဆွေမျိုးအသိုင်းအဝိုင်းက ပူးပေါင်းဆောင်ရွက်ခြင်း အလေ့အထသည် ယနေ့လူမှုဘဝနယ်ပယ်တွင် လျော့နည်းပျောက် ကွယ်လာသည်။ ဥစ္စာဓန၊ ပညာမာနတို့ဖြင့် ဆက်ဆံမှုရလဒ်ပင်ဖြစ် သည်။

 သို့ဖြစ်ရာ ရိုးရှင်းလှသော "အများအကျိုးဆောင်၊ ကိုယ်အကျိုး အောင်" ဆိုသည့်စကားအတိုင်းလောကလူသားများ တက်ကြွစွာပါဝင် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရပ်ရွာအကျိုးသယ်ပိုးစွမ်းဆောင် စေချင် ကြောင်း။   ။






အခြားဆက်စပ်သတင်းများ