နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြင်သစ်နိုင်ငံတွင် ဓားကိုင်တိုက်ခိုက်မှုကြောင့် လူနှစ်ဦး သေဆုံး၊ လူငါးဦး ဒဏ်ရာရ

ဧပြီ ၅၊ ပါရီ ပြင်သစ်နိုင်ငံ အရှေ့တောင်ပိုင်းတွင် ဓားကိုင်တိုက်ခိုက်မှုကြောင့် လူနှစ်ဦး သေဆုံးပြီး လူငါးဦး ဒဏ်ရာ ရခဲ့သည်။ တိုက်ခိုက်သူမှာ ဂရီနိုဘယ်မြို့အနီးရှိ ရိုမန်ဆာအစ်ဆာရီမြို့မှ စီးကရက်နှင့် ဆေးရွက်ကြီးဆိုင်အတွင်း ဝင်ရောက်ပြီး ဆိုင်ပိုင်ရှင်များနှင့် စားသုံးသူတစ်ဦးကို ဓားဖြင့်ထိုးခဲ့ကြောင်း မျက်မြင်သက်သေများက ပြောသည်။ ထို့နောက်တွင် အနီးနားရှိ အသားဆိုင်သို့သွားပြီး လူများကို ထပ်မံတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ အဆိုပါဖြစ်ရပ်မှာ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်သည်ဟု ပြင်သစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးက ပြောသည်။ အဆိုပါဖြစ်ရပ်အတွက် သံသယရှိသူမှာ ဆူဒန်နိုင်ငံမှ ရောက်လာသည့် အသက် ၃၃ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ယင်းကို ဖမ်းဆီးထားသည်ဟု ပြင်သစ်မီဒီယာတစ်ခုက ဖော်ပြသည်။ ယင်းကို ဖမ်းဆီးချိန်တွင် တိုက်ခိုက်ရေးသမားက စင်္ကြံလမ်းတွင် ဒူးထောက်ပြီး အာရေဗီဘာသာစကားဖြင့် ဝတ်ပြုဆုတောင်းနေကြောင်း တွေ့ရသည်ဟု အစိုးရရှေ့နေများက ပြောသည်။ အဆိုပါအမျိုးသားမှာ ယခင်က ပြင်သစ်ရဲတပ်ဖွဲ့၊ ထောက်လှမ်းရေးဌာနများထံတွင် စောင့်ကြည့် စာရင်းဝင်သူမဟုတ်ပေ။ ယခုကဲ့သို့ တိုက်ခိုက်ရသည့် အကြောင်းရင်းကိုလည်း တိတိကျကျ မသိရသေးပေ။ ယခုဖြစ်ရပ်တွင် တစ်ကိုယ်တော်လှုပ်ရှားခဲ့ခြင်း ဟုတ်၊ မဟုတ် ဆိုသည့်အချက်ကို အမျိုးသား အကြမ်းဖက် မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ အစိုးရရှေ့နေရုံးက ဆုံးဖြတ်လိမ့်မည်ဟု ပြင်သစ်ပြည်ထဲရေးဝန်ကြီးက ဆိုသည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ