နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လက်တွဲညီညာ ပြည်သာယာ

မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် လက်တွေ့ကျကျ အကောင်အထည်ဖော်ရာတွင် နိုင်ငံတော်တည်ငြိမ်အေးချမ်းသာယာ ရေးသည် အရေးကြီးလှသည်။ ၂၀၂၁ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် အပြစ်မဲ့ပြည်သူ၊ နိုင်ငံ့ဝန်ထမ်းနှင့် သာသနာ့နွယ်ဝင် များစွာထိခိုက်သေဆုံးမှုများရှိခဲ့သည်။

နိုင်ငံတော်တည်ငြိမ်အေးချမ်းမှသာ စီးပွားရေးလုပ်ငန်းများ ဖြောင့်ဖြောင့်တန်းတန်း လုပ်ကိုင်နိုင်မည်ဖြစ်သည်။ နိုင်ငံတော်အစိုးရ အနေဖြင့် ပြည်သူအများစု၏ လိုအပ်ချက်ဖြစ်သော စားဝတ်၊ နေရေး ဖူလုံရေးကို အလေးပေး ဖော်ဆောင်လျက်ရှိသည်။

ကမ္ဘာတစ်ဝန်း မတည်ငြိမ်မှုများကြောင့် ရင်းနှီးမြှုပ်နှံသူများက တည်ငြိမ်သောနေရာများကို ရှာဖွေလာကြသည်။ ပြည်သူတို့၏ဆန္ဒ မှာ အေးချမ်းသာယာသည့် နိုင်ငံတွင်း စီးပွားရေးကောင်းမွန်ပြီး အလုပ် အကိုင်အခွင့်အလမ်းသာနေခြင်းသာ အလိုရှိနေကြမည်ဖြစ်သည်။

ယခုနှစ်အတွင်း ဇူလိုင် ၁၁ ရက်အထိ အကြမ်းဖက်ဖောက်ခွဲ ဖျက်ဆီးမှု ၄၈၉ ကြိမ် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၇၈၂ ဦး ရှိခဲ့ကြောင်း၊ အကြမ်းဖက်ဖြစ်စဉ်များ လျော့ကျသွားလည်း ဆက်လက်ဖြစ်ပွား လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး နှင့် တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်၍ အပြည့်အဝ ဆောင်ရွက် နိုင်ရေး အလေးထား ဆောင်ရွက်သွားမည်ဆိုသည့် အချက်တွင် အကောင်အထည်ဖော်    ဆောင်ရွက်သွားမည်ဆိုသည့်အချက်           တွင် အကောင်အထည်ဖော်နိုင်ရန်အတွက် လိုအပ်ချက်များရှိနေသေး သည်ကို တွေ့ရှိရကြောင်း၊ အကြမ်းဖက်မှုဖြစ်စဉ်များတွင် အဆိုးဆုံး မှာ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့ဖြစ်ကြ ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ပြည်သူလုံခြုံရေးအတွက် ယခု ထက် ပိုမိုဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ လုံခြုံရေးတာဝန် ထမ်းဆောင်ချိန်အတွင်း၌လည်း ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ထိခိုက် သေဆုံးမှုအချိန်ဖြစ်ပေါ်ခဲ့ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့ အစည်း အဝေးအမှတ်စဉ် (၃/၂၀၂၃) ကို ဇူလိုင် ၁၃ ရက်က နေပြည်တော်ရှိ   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာ စကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

အရေးအကြီးဆုံးအချက်မှာ ပြည်သူတို့၏ လူမှုစီးပွားဘဝ လုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေး နှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် အလေးထား လုပ်ဆောင်လျက်ရှိသည်။ အဖျက်အမှောင့်လုပ်ရပ်များကို လုံခြုံ‌ရေး အသိ လုံခြုံရေးမျက်စိရှင်သန်နေရန် လိုအပ်သည်။ နိုးကြားတက်ကြွ သော အသိရှိနေရပါမည်။ လုံခြုံရေးတာဝန်ထမ်းဆောင်နေသော အဓိကအဖွဲ့အစည်းများနှင့် ပေါင်းစပ်ဆောင်ရွက်ခြင်းဖြင့် အဖျက် အမှောင့်များကို ကြိုတင်ကာကွယ် တားဆီးဖော်ထုတ် ဆောင်ရွက် စေချင်ကြောင်း။      ။







အခြားဆက်စပ်သတင်းများ