နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖီးကြမ်းငှက်ပျောပျိုးပင်စိုက်ပျိုးရောင်းချသူများ အဆင်ပြေ

ပွင့်ဖြူ  ဇွန်  ၂၁

မကွေးတိုင်းဒေသကြီး၊ပွင့်ဖြူမြို့နယ်၌   တောင်သူများတစ်ပိုင်တစ်နိုင် ဥယျာဉ်ခြံမြေများပြုလုပ်ကာ ဖီးကြမ်း ငှက်ပျောစိုက်ပျိုးရောင်းချခြင်းဖြင့် သီးနှံအပိုဝင်ငွေရရှိသည့်အပြင် ဖီးကြမ်းငှက်ပျောပျိုးပင်များရောင်းချနေရသည့်အတွက် မိသားစုအပိုဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။

ဖီးကြမ်းငှက်ပျောစိုက်ပျိုးရာတွင် တစ်ကျင်းနှင့်တစ်ကျင်းအကွာအဝေး ရှစ်တောင်ခြားစီခွာ၍ တစ်ကျင်း လျှင် လေးပင်နှုန်းအတန်းလိုက်စိုက်ပျိုးကြပြီး စိုက်ပျိုးမြေဧရိယာအနေအထားပေါ် မူတည်ပြီး အပင်အရေ အတွက် ၆ဝဝဝ မှ ၇ဝဝဝ အထိစိုက်ပျိုးကြသည်။

ဖီးကြမ်းငှက်ပျောသည် ဈေးကွက်တွင် အခြားသီးနှံများထက် စားသုံးသူအကြိုက်တွေ့ပြီး ဈေးပိုရ သည့်အတွက် ယခုနှစ်တွင် ဖီးကြမ်းငှက်ပျောစိုက်ပျိုးသူဦးရေတိုးလာကာ ဖီးကြမ်းငှက်ပျောစိုက်ပျိုးသူများဖီးကြမ်းငှက်ပျောပျိုးပင်များရောင်းချနေရသည့်အတွက် မိသားစုအပိုဝင်ငွေရရှိကာလုပ်ငန်းအဆင်ပြေလျက်ရှိသည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ