နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖော်ကောင်လုပ်သူ၏ဖွင့်ချမှုကို လွှတ်တော်ထံ တင်ပြခဲ့သည့် ထိပ်တန်းအရာရှိကို ဒေါ်နယ်ထရမ့် ရာထူးမှ ထုတ်ပယ်

ဧပြီ ၅၊ ဝါရှင်တန် ဖော်ကောင်လုပ်သူ၏ ဖွင့်ချမှုကို လွှတ်တော်ထံ ပထမဆုံး သတင်းပို့ခဲ့သည့် ထိပ်တန်းအရာရှိတစ်ဦးကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ရာထူးမှ ထုတ်ပယ်ခဲ့သည်။ အမေရိကန် ထောက်လှမ်းရေးရပ်ဝန်း၏ စုံစမ်းစစ်ဆေးရေးမှူး မိုက်ကယ်အက်ကင်ဆန်ကို အယုံအကြည်မရှိတော့ကြောင်း ဒေါ်နယ်ထရမ့်က ပြောသည်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမျိုးသားအရေးပေါ်အခြေအနေဖြစ်နေချိန်တွင် သမ္မတဒေါ်နယ်ထရမ့်က ရန်ကြွေးဟောင်းများ ဆပ်နေသည်ဟု ဒီမိုကရက်တစ်ပါတီဝင်များက မှတ်ချက်ပေးခဲ့သည်။ ဒေါ်နယ်ထရမ့်က ထောက်လှမ်းရေးရပ်ဝန်းကို ထိခိုက်စေရန် ကြိုးပမ်းနေခြင်းဖြစ်သည်ဟု ယင်းတို့က စွပ်စွဲခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားလုပ်ပြီး ၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲဝင်မည့် ဒီမိုကရက်တစ်ပါတီကိုယ်စားလှယ်လောင်း ဂျိုးဘိုင်ဒင်နှင့် သားဖြစ်သူ ဟန်တာဘိုင်ဒင်တို့ကို အကျင့်ပျက်ခြစားမှုဖြင့် စုံစမ်းစစ်ဆေးပေးရန် ယူကရိန်းနိုင်ငံအပေါ် ဖိအားပေးခဲ့သည်ဟု ပြီးခဲ့သည့်နှစ်တွင် အက်ကင်ဆန်က လွှတ်တော်ထံ တင်ပြခဲ့သည်။ ဖော်ကောင်လုပ်သူ၏ ဖွင့်ချမှုမှာ လတ်တလောဖြေရှင်းရမည့်ကိစ္စဖြစ်ပြီး ခိုင်လုံသည်ဟု အက်ကင်ဆန်က လွှတ်တော်သို့ စာပေးပို့ခဲ့သည်။ ဒီမိုကရက်တစ်ပါတီဝင်များ လွှမ်းမိုးထားသည့် အောက်လွှတ်တော်က သမ္မတကို စွဲချက်တင်ရန် မဲပေးခဲ့သော်လည်း ရီပတ်ဗလစ်ကန်ပါတီဝင်များ ဦးဆောင်နေသည့် အထက်လွှတ်တော်က ယင်းကို စွဲချက်အားလုံးမှ တရားသေလွှတ်ပေးခဲ့သည်။ လာမည့်ရက် ၃၀ အတွင်း အက်ကင်ဆန်ကို ယင်း၏ရာထူးမှ ဖယ်ရှားပစ်မည်ဟု ပြီးခဲ့သည့်သောကြာနေ့တွင် ဒေါ်နယ်ထရမ့်က လွှတ်တော်သို့ အကြောင်းကြားခဲ့သည်။ အက်ကင်ဆန်ကို တာဝန်မှ ရပ်စဲထားပြီး ရက် ၃၀ အတွင်း တာဝန်ထမ်းဆောင်ခွင့်ပေးမည်မဟုတ်ဟု သတင်းရင်းမြစ်များက ဆိုသည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ