နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နည်းပြ ဆီမြွန်နီကို တစ်နှစ်လုပ်ခ ယူရိုသန်း ၄၀ ဖြင့် အယ်အာလီအသင်း ကမ်းလှမ်း

ဇူလိုင် ၁၄

ဆော်ဒီကလပ် အယ်အာလီ အသင်းက အေတီကိုအသင်း နည်းပြ ဆီမြွန်နီကို တစ်နှစ် လုပ်ခ ယူရို သန်း ၄၀ ဖြင့်နည်းပြ သစ်အဖြစ် ခန့်အပ်ရန် ကမ်း လှမ်းမှုပြုလုပ်ခဲ့ကြောင်း သိရ သည်။

အယ်အာလီအသင်းသည် လာမည့် ဘောလုံးရာသီအတွက် အသင်းကို အကောင်းဆုံး ပြင် ဆင်လျက်ရှိပြီး ပြိုင်ဘက်ထိပ် တန်းအသင်းကြီးများ နည်းတူ ဥရောပမှ ထိပ်တန်းကစား သမားများကို ခေါ်ယူမှု ပြုလုပ် ထားပြီး လီဗာပူးအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးခဲ့ သည့် တိုက်စစ်မှူး ဖာမီနိုနှင့် ချဲလ်ဆီးအသင်း ဂိုးသမား မန်ဒီ တို့ကို ခေါ်ယူထားသည့် အသင်း ဖြစ်သည်။

ထို့ပြင် အယ်အာလီအသင်း သည် ဥရောပမှ ထိပ်တန်း နည်းပြ တစ်ဦးကို ခန့်အပ်လို နေခြင်းဖြစ်ပြီး နည်းပြဆီမြွန် နီကို ဦးစားပေး ပစ်မှတ်ထား နေကာ တစ်နှစ်လုပ်ခ ယူရိုသန်း ၄၀ ဖြင့် ကမ်းလှမ်းခဲ့ခြင်းဖြစ် သည်။

သူရိန်






အခြားဆက်စပ်သတင်းများ