ဇူလိုင် ၁၄
ဖူလ်ဟမ်အသင်းသည် ဘင်ဖီကာအသင်း ခံစစ်ပိုင်းတွင် ခြေစွမ်းပြသနေသည့် မိုရာတိုကို ခေါ်ယူနိုင်ရန် ဆွေးနွေးမှုပြုလုပ် နေကြောင်း သိရသည်။
ခံစစ်ကစားသမား မိုရာတို သည် ပြီးခဲ့သည့် ဘောလုံးရာသီ က ခြေချင်းဝတ်ဒဏ်ရာကြောင့် ကာလရှည် အနားယူခဲ့ရသော် လည်း အသင်းနှင့် ပါဝင်ခွင့်ရ သည့် ပြိုင်ပွဲစုံ ၂၁ ပွဲတွင် ၁၁ ပွဲထိ ဂိုးမပေးရအောင် စွမ်းဆောင်နိုင် ခဲ့သဖြင့် ဖူလ်ဟမ်အသင်း နည်းပြ မားကို့စ်ဆေးဗားက မိုရာတိုကိုခေါ်ယူရန် ဘင်ဖီကာ အသင်း တာဝန်ရှိသူများနှင့် ဆွေးနွေးမှုပြုလုပ်နေခြင်းဖြစ် သည်။
အသက် ၂၂ နှစ်အရွယ်ရှိ ခံစစ်သမား မိုရာတိုသည် ဘရာဇီးကလပ် ဆော်ပိုလို အသင်းမှ ဘင်ဖီကာအသင်းသို့ ၂၀၁၉ ခုနှစ်က ရောက်ရှိခဲ့ပြီး စီနီယာအသင်းကြီးနှင့်အတူ ပြိုင် ပွဲစုံ ၅၀ ပါဝင်ခွင့်ရရှိခဲ့ရာတွင် သွင်းဂိုး နှစ်ဂိုးသွင်းယူနိုင်ခဲ့ပြီး အသင်းခံစစ်ပိုင်းတွင် အဓိက ကစားသမားတစ်ဦးအဖြစ် ခြေ စွမ်းပြနေသူဖြစ်သည်။
(သူရိန်)