နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရေဘေးကာကွယ်ရေး ကြိုတင်ပြင်ဆင်

ယနေ့အချိန်အခါတွင် မုတ်သုံမိုးရွာသွန်းမှုကြောင့် မြစ်ကမ်း နဘေးတွင် နေထိုင်သော ဒေသများတွင် မြစ်ရေများ မြင့်တက်လာ လျက်ရှိသည်။ မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်  လေးပေခန့်တွင် လည်းကောင်း၊ ဟုမ္မလင်းမြို့တွင် ယင်းမြို့၏ စိုးရိမ် ရေမှတ်အောက် သုံးပေခန့်ရောက်ရှိနေကြောင်းနှင့် နောက်နှစ်ရက် အတွင်း ယင်းမြို့များ၏ စိုးရိမ်ရေမှတ်သို့ရောက်ရှိနိုင်ကြောင်း ထုတ်ပြန်ထားသည်။

ယခု မိုးရာသီကာလအတွင်း ဧရာဝတီမြစ်ကမ်းဘေးကျေးရွာ များ ကျေးလက်ပြည်သူများ ရေဘေးအန္တရာယ်ကာကွယ်ရေး နည်းလမ်းများ သတိပြုရမည့်အချက်များကို သိရှိနေရန်လိုအပ်သည်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနသည် သက်ဆိုင်ရာ မြို့နယ်များရှိ မြစ်ရေအား တစ်နေ့သုံးကြိမ်တိုင်းတာကာ စိုးရိမ် ရေမှတ်ရောက်ရှိရန် နီးကပ်လာပါက မြစ်ရေသတိပေးချက်များ ထုတ်ပြန်ပေးလျက်ရှိသည်။

ယနေ့ကမ္ဘာ့နိုင်ငံများတွင် သဘာဝဘေးများဖြစ်ပေါ်လျက်ရှိရာ ဂျပန်နိုင်ငံတွင်  မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ပြိုခြင်း၊ အိန္ဒိယနိုင်ငံမြို့တော် ဒေလီတွင် နေရာအနှံ့အပြား ရေကြီးမှုကြောင့် ပညာရေးဆိုင်ရာ ကျောင်းများကို ဇူလိုင် ၁၆ ရက်အထိ ပိတ်ထားကာ ပါကစ္စတန်နိုင်ငံ ပန်ဂျမ်ပြည်နယ် ဘွတ်လိတ်ချ်မြစ်အနီး ရေကြီးမှု သတိပေးချက်သတင်းများ ထုတ်ပြန်ထားသည့်သတင်းများ တွေ့ရှိရ သည်။

သဘာဝဘေးအန္တရာယ်သည် နိုင်ငံတစ်နိုင်ငံ၏ စဉ်ဆက်မပြတ် တိုးတက်ရေးကို အဟန့်အတားဖြစ်စေသည့် အဓိကစိန်ခေါ်မှုတစ်ရပ် ဖြစ်သည်။ ထို့ကြောင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုစက်ဝန်းပါ အန္တရာယ် ဖြစ်နိုင်ချေ လျှော့ချခြင်း၊ ကြိုတင်အသင့်ပြင်ဆင်ခြင်း၊ အရေးပေါ် တုံ့ပြန်ခြင်း၊ ပြန်လည်ထူထောင်ခြင်းဟူသည့် ကြိုတင်ပြင်ဆင်ခြင်း ဖြင့် ထိခိုက်မှုလျော့နည်းစေပြီး ထောက်ပံ့မှုများလည်း မြန်ဆန် ထိရောက်လာမည်ဖြစ်သည်။

သဘာဝဘေးအန္တရာယ်လျော့ပါးရေးတွင် ရပ်ရွာလူထုစွမ်းဆောင် ရည်မြှင့်တင်ရေးလုပ်ငန်းများကို ဘက်စုံကဏ္ဍစုံမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်စေချင်ကြောင်း။      ။






အခြားဆက်စပ်သတင်းများ