နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လူသားစွမ်းရည် ပြည့်ဝရေး အားထုတ်ကြိုးပမ်း

မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ၏ အောင်မြင်မှု အဓိကအချက်မှာ အရည်အချင်းပြည့်ဝသည့်လုပ်သားထု ဖွံ့ဖြိုး တိုးတက်ရေးသည် အဓိကကျသည်။ မိမိတို့နိုင်ငံတွင် ကုန်ထုတ်လုပ်ငန်း ကဏ္ဍအတွက် အရင်းအမြစ်များစွာရှိသော်လည်း ကုန်ထုတ်လုပ်မှု အပေါ် အားပေးမှုနည်းပါးခဲ့သည်။

 မိမိတို့နိုင်ငံတွင် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး လုပ်ငန်းများကို အားပေးမြှင့်တင်လျက်ရှိသည်။ စိုက်ပျိုး၊ မွေးမြူရေး ကဏ္ဍမှထွက်ရှိသော ထွက်ကုန်များကို ကုန်ကြမ်းများအဖြစ်သာ ပြည်ပ တင်ပို့ခဲ့ကြသည်။ ပြည်တွင်းမှကုန်ကြမ်းကို ပြည်တွင်းမှာပင် ကုန်ချော ထုတ်လုပ်ခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိနိုင်ပြီး တစ်ဦးချင်းဝင်ငွေတိုးတက်ခြင်း၊ ပြည်တွင်းစားသုံးမှုတိုးတက်လာခြင်း ဖြစ်ပေါ်လာမည်ဖြစ်သည်။

နိုင်ငံတော်က ငွေကြေးနှင့်နည်းပညာများ ပံ့ပိုးပေးနိုင်ရေး၊ သတင်း အချက်အလက်များ မှန်ကန်မြန်ဆန်စွာရရှိရေး၊ ကျွမ်းကျင်လုပ်သား နှင့်လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိသည်။

 အရွယ်ရောက်သူတိုင်း ကောင်းမွန်သည့်လုပ်ငန်းခွင်သို့ အလုပ် အကိုင်အခွင့်အလမ်းသစ်များ ဖန်တီးပေးရန်လိုအပ်သည်။ သက်ဆိုင်ရာ  ဌာနများက အလုပ်အကိုင်အခွင့်အလမ်း၊ အလုပ်သမားဈေးကွက် ဖွံ့ဖြိုးတိုးတက်လာရေးနှင့် အလုပ်သမားများ၏ ကျွမ်းကျင်မှုဖွံ့ဖြိုး တိုးတက်လာရေးအတွက် အသက်မွေးဝမ်းကျောင်းပညာရပ် ဆိုင်ရာ သင်တန်းများကို ပုဂ္ဂလိကနှင့်ဌာနဆိုင်ရာများက ပိုမိုပါဝင်ဆောင်ရွက် လျက်ရှိသည်။

နိုင်ငံတစ်နိုင်ငံတွင် အဓိကလိုအပ်ချက်မှာ လူသားအရင်းအမြစ် အတတ်ပညာ၊ ဓနအင်အား၊ သဘာဝသယံဇာတတို့ဖြစ်သည်။ မိမိ ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာ၊ အတတ်ပညာများကို လေ့လာသင်ယူလိုက်နာပြီး ကြိုးစားအားထုတ်ကာ အလုပ်လုပ်ကြရ မည်ဖြစ်သည်။

 ယနေ့အချိန်တွင် သိပ္ပံနှင့်နည်းပညာများ တစ်နေ့တခြားတိုးတက် ပြောင်းလဲလျက်ရှိရာ တိုးတက်မှုကိုအမီလိုက်နိုင်ရန် ယနေ့လူငယ်၊ လူရွယ်များသည် သာမန်တတ်မြောက်သည်နှင့်ရောင့်ရဲတင်းတိမ် မနေဘဲ အစဉ်ကြိုးပမ်းအားထုတ်ရမည်ဖြစ်သည်။

 လူသားစွမ်းရည်ပြည့်ဝစေရေး ပညာရေးဖြင့် တိုးတက်အောင် ကြိုးပမ်းအားထုတ်စေချင်ကြောင်း။   ။






အခြားဆက်စပ်သတင်းများ