နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်သမ္မတဟောင်း ရောဘတ်ကနေဒီ၏ မြေးနှင့် မြစ်ဖြစ်သူ ပျောက်ဆုံးနေ

ဧပြီ ၅၊ ဝါရှင်တန် လုပ်ကြံခံခဲ့ရသည့် အမေရိကန်သမ္မတ( ဟောင်း) ရောဘတ်ကနေဒီ၏ မြေးဖြစ်သူနှင့် ယင်း၏သားငယ်တို့ ပျောက်ဆုံးနေခြင်းကြောင့် အာဏာပိုင်များက လိုက်လံရှာဖွေလျက်ရှိသည်။ အသက် ၄၁ နှစ်ရှိသည့် မက်ကိန်းနှင့် ရှစ်နှစ်အရွယ်ရှိသည့် ယင်း၏သားငယ် ဂီဒွန်တို့ကို ပြီးခဲ့သည့်ကြာသပတေးနေ့ ညနေက ချီဆာပိခ်ပင်လယ်အော်တွင် ကနူးလှေလှော်ခတ်နေကြောင်း နောက်ဆုံးမြင်တွေ့ခဲ့ခြင်းဖြစ်သည်။ '' သူတို့ တတ်နိုင်တာထက် ပိုဝေးတဲ့နေရာအထိ သွားခဲ့လို့ ပြန်မလာနိုင်တော့တာပါ''ဟု မက်ကိန်းရဲ့ခင်ပွန်း ဒေးဗစ်မက်ကိန်းက ဝါရှင်တန်ပို့စ်သတင်းစာသို့ ပြောသည်။ ကမ်းခြေစောင့်တပ်ဖွဲ့မှာ စတုရန်းမိုင် ၂၂၇၅ မိုင် အကွာအဝေးအထိ ရှာဖွေခဲ့သည်ဟု ဆိုသည်။ ကမ်းခြေစောင့်တပ်ဖွဲ့နှင့်အတူ မေရီလန်းသဘာဝသယံဇာတမူဝါဒနှင့် အန်နီအာရွန်ဒဲကောင်တီ မီးသတ်ဌာနက ပူးပေါင်းရှာဖွေခဲ့သည်။ လှေများ၊ ရဟတ်ယာဉ်များပေါ်မှ အမှုထမ်းများမှာလည်း ရှာဖွေရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ခဲ့ကြသည်။ မက်ကိန်းမှာ မေရီလန်းပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူးဟောင်း ကက်သလင်းကနေဒီတောင်းဆန်၏ သမီးဖြစ်ပြီး ပြည်သူ့ကျန်းမာရေးနှင့် လူ့အခွင့်အရေး ရှေ့နေတစ်ဦးဖြစ်သည်။ မက်ကိန်းတို့ မိသားစုမှာ မေရီလန်းပြည်နယ်ရှိ ယင်း၏မိခင် ပိုင်ဆိုင်သည့် ကမ်းနားဘက် နေအိမ်တွင် နေထိုင်ကြခြင်းဖြစ်သည်။ ပြီးခဲ့သည့်ကြာသပတေးနေ့ ဒေသစံတော်ချိန် ညနေ ၄ နာရီအချိန်က ရေစီးထဲမျောပါသွားသည့် ဘောလုံးတစ်လုံးကို လိုက်လံဆယ်ယူရာမှ ပျောက်ဆုံးသွားခြင်းဖြစ်သည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ