ဇွန် ၉
အာဆင်နယ်အသင်းသည် အဓိက ကွင်းလယ်ကစားသမား အိုဒီဂတ်ကို သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် ပြင်ဆင် လျက်ရှိကြောင်း သိရသည်။
အိုဒီဂတ်သည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က ရီးရဲလ်မက်ဒရစ်အသင်းမှ အငှား စာချုပ်ဖြင့်ကစားခဲ့ပြီးနောက် အသင်း နှင့်အတူအကောင်းဆုံးခြေစွမ်းပြသ နိုင်ခဲ့သည့်အတွက် အာဆင်နယ်အသင်း က ရာသီကုန်တွင် အပြီးသတ်ခေါ်ယူခဲ့ ခြင်းဖြစ်သည်။
အသက် ၂၄ နှစ်အရွယ်ရှိ အိုဒီဂတ် သည် ယခုနှစ် ဘောလုံးရာသီတွင် အာဆင်နယ်အသင်းနှင့်အတူ ပရီးမီးယား လိဂ်ပြိုင်ပွဲတွင် ၃၇ ပွဲထိ ပါဝင်ကစား ခဲ့ပြီး ၁၅ ဂိုး သွင်းယူနိုင်ခဲ့သည့်အပြင် ဂိုးဖန်တီးမှု ခုနစ်ကြိမ်ပြုလုပ်နိုင်ခဲ့ကာ ပရီးမီးယားလိဂ်တစ်နှစ်တာ အကောင်း ဆုံးကစားသမားဆုအတွက် ဆန်ခါတင် ကစားသမားစာရင်းတွင် ပါဝင်နိုင်ခဲ့သူ ဖြစ်သည်။
အာဆင်နယ်အသင်းနှင့် အိုဒီဂတ် တို့၏စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်ရှိတော့ပြီး ဥရောပထိပ်တန်းအသင်း ကြီးများကလည်း အိုဒီဂတ်ကိုခေါ်ယူရန် စောင့်ကြည့်လျက်ရှိနေသည့်အတွက် အာဆင်နယ်အသင်းက လက်မလွှတ် လိုသောကြောင့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုမည်ဖြစ်ကာ လာမည့်ရက်သတ္တ ပတ်အတွင်း အပြီးသတ်ဆွေးနွေးသွား မည်ဖြစ်သည်။
သူရိန်