နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စတာလင်ပေါင် သန်း ၄၀ ဖြင့် ကိုးဝဲလ်ကို ဘရိုက်တန်အသင်း ထပ်မံကမ်းလှမ်း

 ဇွန်  ၉

ဘရိုက်တန်အသင်းသည် ချဲလ်ဆီး အသင်းက တစ်ရာသီအငှားစာချုပ်ဖြင့် ခေါ်ယူထားသည့်ခံစစ်ကစားသမား ကိုးဝဲလ်ကို စတာလင်ပေါင် သန်း ၄၀ ဖြင့် အပြီးသတ်ဝယ်ယူရန်ထပ်မံကမ်းလှမ်း ကြောင်း သိရသည်။

ဘရိုက်တန်အသင်းနည်းပြ ဒီဇာဘီ က ကိုးဝဲလ်၏ စွမ်းဆောင်ရည်ကို နှစ်သက်သဖြင့် အပြီးသတ်ဝယ်ယူရန် ပြီးခဲ့သည့်ရက်ပိုင်းက ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၃၀ ဖြင့်ခေါ်ယူ ရန်ကြိုးပမ်းခဲ့ရာ ချဲလ်ဆီးအသင်းက ငြင်းပယ်ခဲ့သောကြောင့် ယခုအခါ စတာလင်ပေါင်သန်း ၄၀ ဖြင့် ထပ်မံ ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။

ချဲလ်ဆီးအသင်းသည် လူငယ်ကစား သမား ကိုးဝဲလ်ကို ၂၀၂၁ ခုနှစ်က ဘရိုက်တန် အကယ်ဒမီမှဝယ်ယူခဲ့ပြီး ၂၀၂၅ ခုနှစ်ထိ စာချုပ် ချုပ်ဆိုနိုင်ခဲ့သော် လည်း အသင်းအနေဖြင့် ကစားသမား အား ပွဲထွက်ကစားခွင့်မပေးနိုင်သော ကြောင့် ဘရိုက်တန်အသင်းသို့တစ်ရာသီ အငှားစာချုပ်ဖြင့်စေလွှတ်ခဲ့ခြင်းဖြစ် သည်။

အသက် ၂၀ နှစ်အရွယ်ရှိ ကိုးဝဲလ် သည်ဘရိုက်တန်အသင်းနည်းပြ ဒီဇာဘီလက်အောက်တွင် ခြေစွမ်းပြသ နိုင်ခဲ့သူဖြစ်ပြီး ပြိုင်ပွဲစုံ ၂၂ ပွဲထိပါဝင် ခဲ့ကာ အသင်းကို ပထမဆုံးအကြိမ် ယူရိုပါလိဂ်ဝင်ခွင့်ရရှိအောင် အဓိက နေရာမှကူညီနိုင်ခဲ့သဖြင့် နည်းပြဖြစ်သူ က အသင်း၏အနာဂတ်စီမံကိန်းတွင် ထည့်သွင်းခဲ့ပြီး အပြီးသတ်ဝယ်ယူခွင့် ရရှိရန် အစွမ်းကုန်ကြိုးပမ်းလျက်ရှိသည်။

သူရိန်






အခြားဆက်စပ်သတင်းများ