နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဥတုရာသီ တောကိုမှီ

သစ်တောများနှင့်သစ်ပင်များကို အမြတ်တနိုးတန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် နိုင်ငံတော်အတွက်ကောင်းကျိုး များစွာ ဖန်တီးခြင်းပင်ဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း နိုင်စေရန်နှင့်ရာသီဥတုကို အထောက်အကူပြုစေရန်၊ အရိပ်အာဝါသ ရရှိစေရန်၊ နိုင်ငံစီးပွားရေးအတွက် အထောက်အကူပြုစေရန် ရည်ရွယ်၍ ကာကွယ်ရေးဦးစီးချုပ်  (ကြည်း၊ ရေ၊ လေ)  မိသားစုများ နှင့်   တိုင်းစစ်ဌာနချုပ်အသီးသီးတွင် ၂၀၁၁ ခုနှစ်မှစ၍  မိုးရာသီ တစ်အုပ် တစ်မ သစ်ပင်စိုက်ပျိုးပွဲများ ကျင်းပပြုလုပ်ခဲ့သည်။

 တပ်မတော်အနေဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်များကို ကျင်းပခဲ့ရာ  ဆယ်စုနှစ်တစ်ခုကျော်အတွင်း ၂၀၁၁ ခုနှစ်မှ ၂၀၂၂ ခု အထိ သစ်ပင် ၂၁ သန်းကျော် စိုက်ပျိုးနိုင်ခဲ့ပြီး အပင်ရေ ၁၅ သန်း ကျော် ရှင်သန်သဖြင့် ရာခိုင်နှုန်း ၇၀ ကျော် ရှင်သန်လျက်ရှိသည်။

 သဘာဝသယံဇာတများနှင့်ပတ်ဝန်းကျင်ရေရှည် တည်တံ့ရေး အတွက် စဉ်ဆက်မပြတ် စားသုံးခြင်းနှင့်ထုတ်လုပ်ခြင်းသည် အရေးကြီးသည်။ ယင်ကြောင့် သက်ဆိုင်ရာဌာနများက ရေ၊ မြေနှင့် သစ်တောသယံဇာတများ ရေရှည်တည်တံ့အောင် အလေးထား စီမံဆောင်ရွက်လျက်ရှိသည်။

သစ်ပင်၊ သစ်တောများ  စိုက်ပျိုးပြုစုပျိုးထောင်ခြင်းသည် ကာဗွန်ထုတ်လုပ်မှုနှင့်လေထုညစ်ညမ်မှုလျှော့ချရေး၊  စွမ်းအင်နှင့် သယံဇာတများ ထိရောက်စွာအသုံးချနို်ရေးနှင့်ဇီဝမျိုးစုံ မျိုးကွဲများ နှင့် ဂေဟစနစ်ဝန်ဆောင်မှုများဆုံးရှုံးမှုများအား  တားဆီးကာကွယ်ရေး လုပ်ငန်းများကို အထောက်အပံ့ပြုလျက်ရှိသည်။

 ၂၀၂၃ ခုနှစ် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစု များ၏ ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ဇွန် ၈ ရက်က နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းဆည်အနီး၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက် ၍ ရတနာတန်းဝင် ကျွန်းပင်ကိုဦးဆောင်စိုက်ပျိုးခဲ့သည်။

ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားတွင် နိုင်ငံတော်အကြီးအကဲက "စိုက်ပျိုးရေးလု်ငန်းများဆောင်ရွက်ရာ တွင်  ရေသည်အဓိကအရေးကြီးကြောင်း ဥတုရာသီတောကိုမှီ ဟူသည့်အတိုင်း သစ်တော၊ သစ်ပင်များသည် ရာသီဥတုကို ကောင်းစေ ပြီး ၊ ရေကိုလည်းထိန်းနိုင်ကြောင်း  ထို့ကြောင့်သစ်ပင်များ စိုက်ပျိုးရာတွင် ရှင်သန်အောင် စိုက်ပျိုးရန် ရေရှည်ကြီးထွားစေရေး ဆက်လက် ထိန်းသိမ်းသွားရမည်ဖြစ်ကြောင်း" အမှာစကားထည့်သွင်းပြော ကြားခဲ့သည်။

 မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးခြင်းများကို အရှိန်အဟုန်ဖြင့် စိုက်ပျိုးလျက်ရှိရာ  သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ် ခရိုင်၊ မြို့နယ်၊ ကျေးရွာ၊ ရပ်ကွက်များတွင်  သက်ဆိုင်ရာဌာနများနှင့် လူမှုရေးအဖွဲ့အစည်းများက ပူးပေါင်းပါဝင်စိုက်ပျိုးခြင်းဖြင့် နိုင်ငံ အဝှမ်း သစ်တောဖုံးလွှမ်းမှု တိုးမြှင့်စေချင်ကြောင်း တိုက်တွန်း နှိုးဆော်ရပါကြောင်း။     ။






အခြားဆက်စပ်သတင်းများ