ဇွန် ၈
ယူရိုပါကွန်းဖရန့်လိဂ် ဗိုလ်လု ပွဲစဉ်အဖြစ် ဖီအိုရင်တီးနားအသင်းနှင့် ဝက်စ်ဟမ်းအသင်းတို့ ယနေ့နံနက် အစောပိုင်းက ဖော်ကျူနာအရီနာကွင်း ၌ယှဉ်ပြိုင်ကစားကြရာ ဝက်စ်ဟမ်း အသင်းက ဖီအိုရင်တီးနားအသင်းကို နှစ်ဂိုး၊ တစ်ဂိုးဖြင့်အနိုင်ရရှိပြီး ချန်ပီယံ ဆုကိုဆွတ်ခူးနိုင်ခဲ့သည်။
အဆိုပါပွဲစဉ် ပထမပိုင်းတွင် နှစ်သင်း စလုံးထိန်းကစားနေခြင်းကြောင့် ပွဲက အနည်းငယ်အေးနေခဲ့ပြီး ဂိုးကန်သွင်း ခွင့်လည်းနည်းပါးခဲ့ကာ ဂိုးမရှိသရေ ရလဒ်ဖြင့် ပထမပိုင်းပြီးဆုံးခဲ့သည်။
ဒုတိယပိုင်း ပွဲကစားချိန် ၆၂ မိနစ် တွင် ပင်နယ်တီကတစ်ဆင့် ဘန်ရာမာက ဝက်စ်ဟမ်းအသင်းအတွက် အဖွင့်ဂိုး ကိုသွင်းယူပေးခဲ့ပြီး ၆၇ မိနစ်တွင် ဘိုနာဗန်ကျူရာက ဖီအိုရင်တီးနားအသင်း အတွက် ချေပဂိုးကိုပြန်လည်သွင်းယူ ပေးခဲ့သည်။
ထို့နောက် ပွဲကအကြိတ်အနယ် ရှိခဲ့ပြီးဝက်စ်ဟမ်းအသင်းအတွက် အဖိုးတန်အနိုင်ဂိုးကို ပွဲကစားချိန် ၉၀ မိနစ်တွင် ဘိုဝင်က သွင်းယူပေးခဲ့ကာ ကွန်းဖရန့်လိဂ်ချန်ပီယံဆုကို ဆွတ်ခူး နိုင်ခဲ့သည်။
ဝက်စ်ဟမ်းအသင်းသည် ၁၉၆၅ ခုနှစ်နောက်ပိုင်းဥရောပတွင် ပထမဆုံး ဆုဖလားကိုရယူနိုင်ခဲ့ခြင်းဖြစ်ပြီး ၁၉၈၀ ပြည့်နှစ်အက်ဖ်အေဖလားကိုရရှိပြီး နောက် ပထမဆုံးသောအဓိက ဆုဖလား လည်းဖြစ်လာခဲ့သည်။
သူရိန်