ဇွန် ၈
မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီ အသင်းသည် အာဂျင်တီးနားအသင်း တိုက်စစ်မှူးမက်ဆီအားခေါ်ယူနိုင်ခဲ့ပြီး ဖြစ်ကြောင်း အတည်ပြုကြေညာခဲ့သည်။
မက်ဆီသည် ပီအက်စ်ဂျီအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးချိန်တွင် မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီ အသင်းသို့ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပြီး ဆော်ဒီကလပ်အယ်လ်ဟီလယ် အသင်း၏လစာငွေအမြောက်အမြား ဖြင့်ခေါ်ယူရန်ကမ်းလှမ်းမှုကိုလည်း ငြင်းပယ်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် တိုက်စစ်မှူး မက်ဆီကို အသင်းဟောင်း ဘာစီလိုနာအသင်းက လည်းခေါ်ယူရန်ကြိုးပမ်းခဲ့ပြီး ကစား သမားကိုယ်တိုင်က အသင်းဟောင်းသို့ ပြန်လည်ပြောင်းရွှေ့ရန်ဆန္ဒရှိခဲ့သော် လည်း ဘာစီလိုနာအသင်းအနေဖြင့် ကစာသမားများရောင်းချမှု၊ ကစားသမား များကိုလစာလျှော့ချပြီးမှခေါ်ယူမည့် အခြေအနေများကိုမလိုလားခြင်းကြောင့် အသင်းဟောင်းသို့မပြန်ရန် ဆုံးဖြတ်ခဲ့ ခြင်းဖြစ်ပြီး အင်တာမိုင်ယာမီအသင်း၏ ကမ်းလှမ်းမှုကိုလက်ခံခဲ့ခြင်းဖြစ်သည်။
သူရိန်