နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မူးယစ်ဆေးစွဲသမားဘဝ ရောက်ရှိစေမည့် အမူအကျင့်

ယနေ့လူငယ်များထဲတွင် မူးယစ်ဆေးဝါးသုံးစွဲမှုက လွန်ခဲ့သော သုံးနှစ်ကသုံးစွဲမှုအတိုင်းအတာထက် မြင့်တက်လာကြောင်း မူးယစ် ဆေးဝါးအလွဲသုံးမှုများပြားလာကြောင်း  သက်ဆိုင်ရာဌာနများက အသိပေးထားသည်။

 မိမိတို့နိုင်ငံတွင် ဥပဒေနှင့်ပြဋ္ဌာန်းထားသည့်  မူးယစ်ဆေးဝါး စာရင်းဝင်မဟုတ်သော မူးယစ်ဆေးဝါးတချို့ရှိနေသေးသည်။ စားသုံး သူများ မစားသုံးရလျှင် မနေနိုင်အောင် စွမ်းဆောင်နိုင်သည့် ဆေးလိပ် နှင့်ကွမ်းပင်ဖြစ်သည်။

 မြန်မာနိုင်ငံတွင်အရွယ်ရောက်ပြီးသူများ၏ ထက်ဝက်ကျော်သည် ဆေးလိပ်၊ ဆေးရွက်ကြီးတစ်မျိုးမျိုးကိုသုံးစွဲနေကြသည်။ မြန်မာတို့ စားသည့် ကွမ်းယာတွင်ကွမ်းရွက်၊ ကွမ်းသီး၊ ထုံးနှင့်ဆေးရွက်ကြီး          ထွက်ပစ္စည်းတို့ပါဝင်ပြီး နောက်ပိုင်းတွင်  နှပ်ဆေး၊ ပေါင်းဆေး၊  92 ၊ ဆေးရွက်ကြီးကိုပြုပြင်ထုတ်လုပ်ထားသော ပစ္စည်းများသုံးစွဲလာကြသည်။

ကမ္ဘာ့ဖွံ့ဖြိုးပြီးနိုင်ငံများတွင် အသက် ၁၈ နှစ် မပြည့်သေးသည့် ကလေးသူငယ်များအား ဆေးရွက်ကြီးနှင့်ဆိုင်သောဆက်စပ်ပစ္စည်း များ၊ ရောင်းခြင်း၊ ဝယ်ခြင်းကို ပြင်းထန်စွာတားမြစ်ပေးထားသည်။ မြန်မာနိုင်ငံတွင်လည်း   ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း      သောက်သုံးမှုထိန်းချုပ်ရေးဥပဒေကို     ပြဋ္ဌာန်းထားပြီးဖြစ်သည်။

လူငယ်လူရွယ် အမျိုးသမီးငယ်များအပါအဝင်သုံးစွဲမှုများပြားလာသော ခေတ်ပေါ်အီလက်ထရွန်းနစ်နည်းလမ်းဖြင့် နီကိုတင်းသုံးစွဲ မှုများ များပြားလာသည်။ ပြည်ပမှတင်သွင်းလာသော  Vape ရှူရန် အတွက် ကုန်ကျစရိတ်များသည့် အီးစီးကရက်ထက် ဈေးပေါ်ကွမ်းယာ က နေရာအနှံ့ရှိနေသည်။ မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့်ဆေးရွက်ကြီး သောက်သုံးမှုကို လျော့နည်းစေနိုင်ရေးအတွက် ဥပဒေအကြောင်းအရ ပညာပေးမြှင့်တင်ခြင်းကို ကျန်းမာရေးဝန်ကြီးဌာနက အရှိန်မြှင်တင် ဆောင်ရွက်လျက်ရှိသည်။

မူးယစ်ထုံထိုင်းစေခြင်းသည် လူတစ်ဦးချင်း၊ တစ်ယောက်ချင်း သာမက လူသားမျိုးနွယ်တည်တံ့ရေးအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ် သည်။ မကူးစက်နိုင်သောရောဂါများကြောင့် အရွယ်မတိုင်မီသေဆုံး နေရမှုများ လျှော့ချနိုင်ရေး၊ လူတိုင်းကျန်းမာအသက်ရှည်စွာနေ ထိုင်နိုင်ရေး ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေးဆောင်ရွက်ရာတွင် ကာကွယ်တားဆီး၊ အသိပညာပေး ခြင်း၊ ထိန်းချုပ်ခြင်းတို့ကို တိုးမြှင့်ဆောင်ရွက်နိုင်စေချင်ကြောင်း။   ။






အခြားဆက်စပ်သတင်းများ