ဇွန် ၇
စီးရီးအေကလပ် အေစီမီလန်အသင်းတိုက်စစ်မှူး အီဗရာဟီမိုဘစ်ချ်က ကစားသမားဘဝမှ အနားယူ ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
“ကျွန်တော် ဘောလုံးသမားဘဝကိုနှုတ်ဆက် ချိန်တန်ပါပြီ။ ဒါပေမဲ့ ကျွန်တော့်ရဲ့ပရိသတ်တွေ တော့မပါသေးပါဘူး။ ဆန်စီယိုကွင်းထဲမှာကျွန်တော့် ဘဝအတွက်အမှတ်တရတွေအများကြီးပါ။ အသင်း ကို ပထမဆုံးရောက်တဲ့အချိန်မှာ ပရိသတ်တွေက ကျွန်တော့်ကို ပျော်ရွှင်မှုတွေပေးခဲ့ပါတယ်။ အခု ဒုတိယအကြိမ်မှာလဲ ကျွန်တော့်ကိုချစ်ခြင်းမေတ္တာ တွေပေးခဲ့တာပါ။ ပထမဆုံးကျွန်တော့်ရဲ့မိသားစုကို ကျေးဇူးတင်ပါတယ်။ နောက်ပြီး ဒုတိယမိသားစု ဖြစ်တဲ့ အေစီမီလန်အသင်းမှာရှိတဲ့ ပရိသတ်တွေနဲ့ အသင်းတာဝန်ရှိသူတွေအားလုံးကို ကျေးဇူးတင် ပါတယ်”ဟု အီဗရာဟီမိုဘစ်ချ်က ပြောသည်။
အီဗရာဟီမိုဘစ်ချ်သည် ၎င်း၏ ကစားသမား ဘဝတစ်လျှောက် အေစီမီလန်အသင်းနှင့် နှစ်ကြိမ် လက်တွဲခဲ့ရာတွင် ပြိုင်ပွဲစုံ ၁၆၃ ပွဲ ပါဝင်ကစားခဲ့ပြီး သွင်းဂိုး ၉၃ ဂိုးထိသွင်းယူနိုင်ခဲ့ကာ ပြီးခဲ့သည့် ဘောလုံးရာသီကလည်း အသင်းအား စီးရီးအေ ချန်ပီယံဆုဖလားရရှိအောင် စွမ်းဆောင်နိုင်ခဲ့သော် လည်း ယခုနှစ်ဘောလုံးရာသီတွင် ဒဏ်ရာပြဿနာ များဖြင့်သာရုန်းကန်နေရသောကြောင့် အမှတ်ပေး ပြိုင်ပွဲပြီးဆုံးချိန်တွင် ကစားသမားဘဝမှအနားယူ ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
သူရိန်