ကျွန်ုပ်တို့ မြန်မာနိုင်ငံသည် စပါးအဓိကစိုက်ပျိုးသောနိုင်ငံဖြစ် သည်။ မြန်မာနိုင်ငံအထက်ပိုင်းနှင့်အလယ်ပိုင်းဒေသများတွင် မိုးဖြိုင်ဖြိုင် ရွာသောကာလများတွင် ကောက်စိုက်လေ့ရှိသော်လည်း အောက်ပိုင်း အရပ်ဒေသများတွင် ရေတော်၊ မိုးတော်အနေအထားအရ စိုက်ပျိုး လျက်ရှိသည်။
တောင်သူလယ်သမားဦးကြီးတို့အဆိုအရ ထယ်ရေးကောင်းမှ သမန်းကောင်းမည်ဆိုသည်အတိုင်း မစိုက်ပျိုးမီ ထယ်ရေး၊ မကောင်း ကောင်းအောင် ထွန်ယက်ခြင်းအလုပ်သည် အဓိကဖြစ်သည်။
စီးသည့်ရေ ဆယ်သည့်ကန်သင်း ဆိုရိုးစကားကဲ့သို့ လိုအပ်သော မိုးရေများကို ထိန်းသိမ်းသိုလှောင်နိုင်ရန်နှင့်ကန်သင်းပေါင်ကောင်းမွန် ရေးကိုလည်း အလေးထားဆောင်ရွက်ကြရသည်။ လယ်ယာလုပ်ငန်းခွင် ထယ်ရေးညက်ပြီး သမန်းကောင်းအောင်ဆောင်ရွက်ခြင်းသည် ကောက်စိုက်ခြင်းလုပ်ငန်းတွင် အရေးအကြီးဆုံးအလုပ်ဖြစ်သည်။
စိုက်ပျိုးရေးပညာရှင်တို့၏ အဆိုအရ သိပ္ပံနည်းကျစိုက်ပျိုးနည်း စနစ်များလိုက်နာခြင်း စပါးထွက်ကို တိုးစေသော်လည်း ကောက်ကွက် များ မစိတ်လွန်း၊ မကျဲလွန်းစိုက်ပျိုးခြင်းဖြင့် စပါးအထွက်တိုးစေနိုင် သည်။
သိပ္ပံနည်းကျ စိုက်နည်းတွင်အထွက်နှုန်းပိုမိုထွက်ရှိ၍ ကျယ်ကျယ် ပြန့်ပြန့်လိုက်နာကျင့်သုံးရာတွင် မျိုးကွဲနုတ်ပယ်ခြင်း၊ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာစနစ်တကျပေါင်းစပ်သုံးစွဲရေးနှင့် ပေါင်းမြက်ရှင်းလင်း ခြင်းလုပ်ငန်များ ဆောင်ရွက်ရန်လိုအပ်သည်။
စပါးကို ရှေးယခင်က တစ်နှစ်တစ်ကြိမ်သာ စိုက်ပျိုးခဲ့ရာမှ မိုးစပါး၊ နွေစပါးနှစ်ကြိမ်စိုက်ပျိုးလာနိုင်သဖြင့် ပြည်တွင်းစားသုံးမှုဖူလုံသည့် အပြင် ပြည်ပသို့ပါတင်ပို့ရောင်းချလျက်ရှိသည်။ စပါးတစ်နှစ်ထက် တစ်နှစ်အထွက်နှုန်းကောင်းလာပါမှ တောင်သူလယ်သမားတို့၏ လူမှုစီးပွားဘဝတိုးတက်လာမည်ဖြစ်ရာ စပါးစိုက်ပျိုးရာတွင် သိပ္ပံနည်းကျ စိုက်ပျိုးခြင်းကို တိုးချဲ့ဆောင်ရွက်စေချင်ကြောင်း။ ။