ဇွန် ၆
လီဗာပူးအသင်းသည် ကွင်းလယ် ပိုင်းလိုအပ်ချက်အတွက် ဂလာဘတ် အသင်းတွင် ခြေစွမ်းပြကစားနေသည့် မန်နူကိုနီကို ပြောင်းရွှေ့ကြေး ယူရိုသန်း ၄၀ ဝန်းကျင်ဖြင့်ခေါ်ယူရန် ကြိုးပမ်း လျက်ရှိကြောင်း သိရသည်။
ကွင်းလယ်ခံစစ်ကစားသမားတစ်ဦး ဖြစ်သည့် မန်နူကိုနီသည် ယခုနှစ်ဘောလုံး ရာသီတွင် ဂလာဘတ်အသင်းနှင့်အတူ ပြိုင်ပွဲစုံတွင် ပါဝင်ကစားခွင့်ရရှိခဲ့ပြီး သွင်းဂိုးတစ်ဂိုးနှင့် ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်ကာ အသင်းကွင်းလယ်ပိုင်းကို အကောင်းဆုံးပုံဖော်နေသောကြောင့် လီဗာပူးအသင်းကကွင်းလယ်ခံစစ် ပြဿနာကိုဖြေရှင်းနိုင်ရန်အတွက် ၎င်းကိုခေါ်ယူရန် ပစ်မှတ်ထားလျက် ရှိသည်။
အသက် ၂၂ နှစ်အရွယ်ရှိ လူငယ် ကစားသမားမန်နူကိုနီသည် ဂလာဘတ် အသင်းနှင့် လာမည့် ၂၀၂၅ ခုနှစ်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သော်လည်း နည်းပြကလော့ပ်က ဂျာမန်ကလပ် အသင်းများတွင်တာဝန်ယူခဲ့သည့် အားကစားဒါရိုက်တာ ရှိတ်မက်ကီနှင့် အတူ မန်နူကိုနီကိုခေါ်ယူရန် ဂျာမနီ နိုင်ငံသို့ရောက်ရှိနေပြီး အသင်းတာဝန် ရှိသူများနှင့်တွေ့ဆုံနေကာ ဂလာဘတ် အသင်းကအလိုရှိနေသည့် ယူရိုသန်း ၄၀ ဝန်းကျင်ကိုပေးချေ၍ သဘော တူညီမှုရရှိရန် ကြိုးပမ်းနေခြင်းဖြစ်သည်။
သူရိန်