နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အများအကျိုးဆောင်ရွက်ရာ ပူးပေါင်းပါဝင်ကြိုးပမ်းကြပါစို့

ပရဟိတစိတ်ဓာတ်သည် စိတ်ကောင်းစိတ်မြတ်ဖြစ်သည်။ အများ အကျိုးသယ်ပိုးဆောင်ရွက်ခြင်းသည် မွန်မြတ်သောအလုပ်ပင်ဖြစ် သည်။ ဤလောက၌ မိမိအကျိုးဆောင်ရွက်ခြင်းနှင့်အများအကျိုး ဆောင်ရွက်ခြင်းဟူ၍ အကျိုးနှစ်ပါးဖြစ်ပေါ်စေသည့် ဆောင်ရွက်ခြင်း နှစ်မျိုးရှိသည်။

 လူသည် တစ်ခါတရံမထင်မှတ်ဘဲ ဒုက္ခအမျိုးမျိုးနှင့်ရင်ဆိုင် ကြုံတွေ့ရတတ်သည်။  ဘေးဒုက္ခများနှင့်ကြုံတွေ့ရင်ဆိုင်ရတတ် သည်။ ထိုအခါအများ၏ အကူအညီတစ်စုံတစ်ခု လိုအပ်မည်ဖြစ်သည်။

လူတစ်ဦးတစ်ယောက်ဖြစ်စေ၊ အသင်းတစ်ဖွဲ့ဖြစ်စေ၊ ဒေသ တစ်ခုခုဖြစ်စေ ဘေးဒုက္ခကြုံတိုင်း ဝိုင်းဝန်းကူညီပေးကြရသည်။ အများအကျိုးသယ်ပိုးလိုသည့် စိတ်ကောင်းစိတ်မြတ် ပရဟိတ စိတ်ဓာတ်ဖြင့် ဝိုင်းဝန်းကူညီပေးကြရသည်။

မြန်မာနိုင်ငံတွင် မေ ၁၄ ရက်က ဖြစ်ပွားခဲ့သည့် အလွန့်အလွန် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ဘေးသင့်ပြည်သူ များအတွက် ပါဝင်လှူဒါန်းလိုသော စေတနာရှင်ပြည်သူများအနေဖြင့် လှူဒါန်းမှုများပြုလုပ်ရာတွင် ပိုမိုအဆင်ပြေစေရေးအတွက် ပြည်သူ များအသုံးပြုမှုများပြားသည့် မိုဘိုင်းတယ်လီဖုန်းများမှတစ်ဆင့်  SMS (စာတို)ဖြင့် လှူဒါန်းငွေများပေးပို့နိုင်ရေး ဆောင်ရွက်လျက်ရှိရာ စေတနာရှင်ပြည်သူများအနေဖြင့် မိမိ မိုဘိုင်းဖုန်းမှတစ်ဆင့် 9090 သို့ 500 ဟု SMS ပေးပို့၍ တစ်ကြိမ်လျှင် ၅၀၀ ကျပ်နှုန်းဖြင့် ဇွန် ၇ ရက်မှ စတင်လှူဒါန်းနိုင်သည်။

ပရဟိတစိတ်ဓာတ်သည်  လူတိုင်းမွေးမြူထားရှိအပ်သော စိတ်ဖြစ်သည်။ ပရဟိတလုပ်ငန်းများကို လူတစ်ဦးမှအစပြု၍ အသင်း အဖွဲ့များဖြင့်ပါ ပြုလုပ်လာကြသည်မှာ ကမ္ဘာအနှံ့ပင်ဖြစ်သည်။ ပရဟိတ လုပ်ငန်းတို့ဖြင့် လူမှုဘဝဒုက္ခတို့ကို ဖြေဖျောက်စေနိုင်၏။

 လူ့ဘဝတွင် နိမ့်တစ်ခါ၊ မြင့်တလှည့်ရှိတတ်သည်။ သို့ပါ၍ လူတိုင်းလူတိုင်းသည် အများအကျိုးဆောင်၊ ကိုယ့်အကျိုးအောင် ဆိုသည့်စကားအတိုင်း လူမှုအသိုင်းအဝိုင်းအတွင်း ဘေးဒုက္ခနှင့်ကြုံတွေ့ ရတိုင်း လုပ်အား၊ ငွေကြေးအရင်းအနှီးများ ကူညီဆောင်ရွက်ပေးခြင်း၊ လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများတွင် တက်ကြွစွာပါဝင်လုပ်ကိုင်ပေးသော စိတ်ဓာတ်မွေးမြူကာ အများအကျိုးဆောင်ရွက်သင့်ပါကြောင်း တိုက်တွန်းနှိုးဆော်ရပါကြောင်း။    ။







အခြားဆက်စပ်သတင်းများ