ဇွန် ၅
ရီးရဲလ်မက်ဒရစ်အသင်းနှင့် အနာဂတ်မရေမရာဖြစ်နေသည့် တိုက်စစ်မှူး ဘန်ဇီမာကို ဆော်ဒီထိပ်တန်း ကလပ် အယ်အီတီဟက်အသင်းက မြင့်မားသည့် လုပ်ခလစာ စတာလင် ပေါင် ၃၄၅ သန်းဖြင့် ကမ်းလှမ်းခဲ့ကြောင်း သိရသည်။
အသက် ၃၅ နှစ်အရွယ်ရှိ တိုက်စစ်မှူး ဘန်ဇီမာသည် ၂၀၀၉ ခုနှစ်က လိုင်ယွန်အသင်းမှ ရီးရဲလ် မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ကစား ခဲ့သူဖြစ်ပြီး အစောပိုင်းဘောလုံးရာသီ များတွင် လူစားဝင်ကစားသမားအဖြစ် သာ ကစားခဲ့ရသော်လည်း နောက်ပိုင်း တွင် အသင်းနှင့်အတူအကောင်းဆုံး ခြေစွမ်းပြသနိုင်ခဲ့ပြီး ဆုဖလားများ ဆွတ်ခူးနိုင်ခဲ့ရာတွင် အဓိကနေရာက ပါဝင်ခဲ့သူဖြစ်ကာ ယခုနှစ်ဘောလုံး ရာသီကုန်တွင် အသင်းနှင့်စာချုပ် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။
လက်ရှိအချိန်ထိ ရီးရဲလ်မက်ဒရစ် အသင်းက ဘန်ဇီမာကို စာချုပ်သစ် အတွက် ကမ်းလှမ်းထားခြင်းမရှိသော ကြောင့် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာရမည်ဖြစ်သည့်အတွက်အယ်အီ တီဟက်အသင်းက မြင့်မားသည့်လုပ်ခ လစာဖြင့် ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။
သူရိန်