ဇွန် ၅
မန်ယူအသင်းက အက်ဖ်အေဖလား ဗိုလ်လုပွဲစဉ်တွင် မန်စီးတီးအသင်းကို နှစ်ဂိုး၊ တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ကွင်းလယ်ပိုင်းဖြည့်တင်းရန်အတွက် ဖီအိုရင်တီးနားအသင်းကွင်းလယ် ကစားသမား အမ်မရာဘတ်ကို ခေါ်ယူ ရန်ကမ်းလှမ်းမှုပြုလုပ်ခဲ့ကြောင်း သိရ သည်။
နည်းပြ တန်ဟက်သည် အက်ဖ်အေ ဖလားဗိုလ်လုပွဲစဉ်တွင် ကွင်းလယ်ပိုင်း အားနည်းချက်ကိုတွေ့ရှိခဲ့ပြီးနောက် လာမည့်နှစ်ဘောလုံးရာသီတွင် ပရီးမီးယား လိဂ်ချန်ပီယံဆုဖလားကို စိန်ခေါ်နိုင် ရန်အတွက် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် မော်ရိုကိုအသင်းနှင့်အတူ အကောင်း ဆုံးခြေစွမ်းပြသနိုင်ခဲ့သည့် ဖီအိုရင်တီးနား ကွင်းလယ်ကစားသမားအမ်မရာဘတ် ကိုခေါ်ယူရန်ဆုံးဖြတ်ခဲ့ပြီး လာမည့် နွေရာသီကစားသမားခေါ်ယူမည့် အစီ အစဉ်တွင်ထည့်သွင်းခဲ့ကာ မြင့်မား သည့် ပြောင်းရွှေ့ကြေးတစ်ရပ်ဖြင့် ခေါ်ယူရန် ကမ်းလှမ်းခဲ့သည်။
အမ်မရာဘတ်သည် ဖီအိုရင်တီးနား အသင်းနှင့် လာမည့် ၂၀၂၄ ခုနှစ်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ၎င်းကို ဘာစီလိုနာအသင်းကလည်း ခေါ်ယူရန်စိတ်ဝင်စားနေကာ မန်ယူ အသင်းနှင့်အပြိုင် ကြိုးပမ်းရမည်ဖြစ်သည်။
သူရိန်