နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာအသင်း ရွှေနှစ်ခု၊ ငွေ‌လေးခုနှင့် ကြေးတစ်ခု စတင်ဆွတ်ခူး

ရန်ကုန်  ဇွန်  ၅

ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် ၂၀၂၃ ခုနှစ်၊ ဇွန် ၃ ရက်မှ ၉ ရက်အထိ ကျင်းပလျက်ရှိသည့် ၁၂ ကြိမ် မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတွင် မြန်မာ အားကစားအဖွဲ့အတွက်  ယနေ့ ယှဉ်ပြိုင်သည့် ပြေးခုန်ပစ် နှင့်ရေကူးအားကစားပြိုင်ပွဲ များတွင် ရွှေနှစ်ခု၊ ငွေ‌လေးခုနှင့် ကြေးတစ်ခု ဆွတ်ခူးရရှိသည်။

အဆိုပါပြိုင်ပွဲ၌ သံလုံးပစ် F55 ပြိုင်ပွဲတွင် ထက်ထက်အေး က ရွှေတံဆိပ်၊ သံလုံးပစ် F63-64 တွင် မစိန်ဖော့က ရွှေ တံဆိပ်၊ အလျားခုန် T42-44 တွင် ဝေဝေသင်းက ငွေတံဆိပ်၊ အလျားခုန် T64 တွင် လော်လာ ဝင်းက ငွေတံဆိပ်ရရှိသည်။

အလားတူ ရေကူးပြိုင်ပွဲ မီတာ ၄၀၀ အလွတ်ကူး S6 တွင် အောင်မြင့်မြတ်က ငွေတံဆိပ်၊ မီတာ ၁၀၀ နောက်ပြန်ကူးSB7 တွင် မင်းထူးက ငွေတံဆိပ်၊ မီတာ ၅၀ နောက်ပြန်ကူး S5 တွင် ကြေးတံဆိပ်များ ရရှိ ကြသည်။

GOALBALL ပြိုင်ပွဲတွင် မြန်မာအသင်းသည် အုပ်စုအေ၌ ပါဝင်ပြီး အိမ်ရှင်ကမ္ဘောဒီးယား အသင်းကို ကစားသမားမျိုးမင်း ဦး၊ လင်းလင်းထက်၊ ဇော်ရဲနိုင်၊ အောင်စိုးပြည့်၊ ဟန်ပိုင်စိုး၊ ချစ်မင်းဝေတို့ ပါဝင်ယှဉ်ပြိုင် ကစားခဲ့ကာ အနိုင်ရရှိခဲ့ ကြောင်း သိရသည်။                      

အောင်မြင့်ဌေး(မြို့တော်သတင်း)







အခြားဆက်စပ်သတင်းများ