နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဇာနည်ဗိမာန်ဝန်းကျင် သန့်ရှင်းသာယာသပ်ရပ်ရေးဆောင်ရွက်နေမှု ဒုတိယမြို့တော်ဝန် ဦးညီညီ ကွင်းဆင်းစစ်ဆေး

ရန်ကုန်  ဇွန်  ၅   

ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌ(ဒုတိယမြို့တော်ဝန်) ဦးညီညီသည် အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ နံနက် ၇ နာရီက ဒဂုံမြို့နယ်၊ အာဇာနည် လမ်းရှိ အာဇာနည်ဗိမာန်သို့ သွားရောက်၍‌ စည်ပင်သာ ယာဝန်ထမ်းအင်အား ၂၅၀ဦး ဖြင့် ဓမ္မစေတီလမ်းဘက် အခြမ်း၊ အာဇာနည်ဗိမာန် မြောက်ဘက်ဝင်/ထွက်ပေါက် အနီး လမ်းဘေးရှိ  မြက်ပင် ချုံနွယ်များ ခုတ်ထွင်ရှင်းလင်း ခြင်း၊ အရိပ်ရပင်များ၏ အောက်တက်များ၊ အန္တရာယ်ရှိ အကိုင်းအခက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊အုပ်မိုးကိုင်းများ ဖြတ်ညှိပုံသွင်းအလင်းဖွင့်ခြင်း၊ အာဇာနည်ဗိမာန်နှင့်သူရဲကောင်း                                                           

စစ်သည်ဗိမာန်အကြား မြက် များဖြတ်ညှိခြင်း၊ ချုံနွယ်များခုတ်ထွင်ရှင်းလင်းခြင်း၊ရေမြောင်းတစ်လျှောက် ပြန်လည် တူးဖော်၍ မြောင်းစပ်ရှိ မြက် ချုံများ ရှင်းလင်းခြင်းနှင့် မြေ ယာရှုခင်းပြုပြင်ခြင်း ဆောင် ရွက်နေမှုတို့ကိုလည်းကောင်း၊ အာဇာနည်ဗိမာန်ရင်ပြင်၊ ဝင်/ ထွက် လမ်းများ၊ ကွပ်ကဲ ရေးရုံး၊ နားနေဆောင်နေရာ များကိုလည်းကောင်း လှည့် လည် ကြည့်ရှုစစ်ဆေးပြီးလိုအပ် သည်များ  မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

သတင်း-မိုးမြင့်မောင်/ဓာတ်ပုံ-ကျော်သူထက်






အခြားဆက်စပ်သတင်းများ