နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမှိုက်စနစ်တကျစွန့်စေချင်

ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်နေခြင်းဖြင့် စိတ်ရောကိုယ်ပါ ကြည်လင်လန်းဆန်ကာ နေကောင်းထိုင်သာရှိသည်သာမက ကျန်းမာရေးကိုပါ အထောက်အကူပြုစေသည့် အသိကို လူတိုင်း ဂရုပြုကြမှာ အမှန်ပင်ဖြစ်သည်။ သို့ဖြစ်ရာ စိတ်ကြည်လင် လန်းဆန်းစွာနေထိုင်ရသော ပတ်ဝန်းကျင်ကိုရရှိရန် မိမိတို့သည် အမှိုက်ကို စနစ်တကျစွန့်ပစ်သည့် အလေ့အကျင့်ကို ရှင်သန် ဖွံ့ဖြိုးအောင်ကြိုးပမ်းကြရမည်ဖြစ်သည်။

မိမိပတ်ဝန်းကျင်တွင် အမှိုက်သရိုက်ကင်းစင်သန့်ရှင်းမှုရှိခြင်းနှင့် အမှိုက်သရိုက်များဖြင့် ပြည့်နှက်ရှုပ်ထွေးနေခြင်းဟူ သည့် အနေအထားနှစ်မျိုး၏ ခံစားမှုချင်း အလွန်ကွဲပြားခြားနား သည်ဆိုသည်ကို လူတိုင်းသိရှိကြမည်ဖြစ်သည်။ မီးဖိုးဆောင်ထွက် အမှိုက်သရိုက်များကို သတ်မှတ်အမှိုက်ကန်၊ အမှိုက်ပုံရန်နေရာ တွင် သတ်မှတ်အချိန်အတွင်း၌သာ စွန့်ပစ်ရန်လိုအပ်သည်။

လမ်းသွားလမ်းလာများ ခရီးသည်များသည် အမှိုက်များကို အလွယ်တကူမစွန့်ပစ်ဘဲ လမ်းရှိအမှိုက်ပုံးနေရာရောက်မှ စွန့်ပစ် ရမည်ဖြစ်သည်။ စက်ရုံ၊ အလုပ်ရုံ၊ စီးပွားရေးလုပ်ငန်းမှ စွန့်ပစ် ပစ္စည်းနှင့် စွန့်ပစ်ရည်များကို ရေတွင်းရေကန်အဝီစိတွင်း၊ ရေမြောင်းနှင့် မြစ်ချောင်းများအတွင်း စွန့်ပစ်ခြင်းမပြုရန် လိုအပ်သကဲ့သို့ ယာဉ်များပေါ်မှ လမ်းပေါ်သို့ စည်းကမ်းမဲ့အမှိုက် များကို စွန့်ပစ်ရန်လည်း ထိန်းသိမ်းရမည်။

ပလတ်စတစ်အပါအဝင် စွန့်ပစ်ပစ္စည်းများအတွက် စနစ်ကျ သည့် စီမံခန့်ခွဲမှုများကို ပြည်သူလူထုအတွင်း လိုက်နာမှုအား နည်းခြင်းကြောင့် စွန့်ပစ်ပစ္စည်းများအား လမ်းများ၊ မြစ်၊ ချောင်း၊ အင်းအိုင်များတွင် အထိန်းအကွပ်မဲ့စွန့်ပစ်လေ့ရှိကြသည့်အပြင် စွန့်ပစ်ပစ္စည်းများအား လဟာပြင်တွင် မီးရှို့ဖျက်ဆီးခြင်းကြောင့် လေထု၊ မြေထုနှင့်ရေထုတို့ကို ညစ်ညမ်းစေလျက်ရှိသည်။

စွန့်ပစ်ပလတ်စတစ်ပစ္စည်း စီမံခန့်ခွဲမှုလိုအပ်ချက်များ ကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုဖြစ်ပေါ်စေသည်သာမက ပြည်သူများ၏ ကျန်းမာရေးနှင့်လူမှုရေးဆိုင်ရာ နယ်ပယ်များ၊ ခရီးသွားစီးပွားရေးလုပ်ငန်းများကို ထိခိုက်စေသည်။

အမှိုက်နှင့်ပတ်သက်သည့် အခါအားလျော်စွာ သတိပေးချက် များကို လိုက်နာဆင်ခြင်သင့်သကဲ့သို့ စွန့်ပစ်ပလတ်စတစ် အမှိုက်များကြောင့် သဘာဝပတ်ဝန်းကျင်မထိခိုက်စေရေး အစိုးရ မဟုတ်သော လူမှုရေးအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်း များက သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ခြင်းဖြင့် ပလတ်စတစ်အမှိုက်များ ကင်းစင်စေချင်ကြောင်း။       ။






အခြားဆက်စပ်သတင်းများ