ဇွန် ၃
မန်ယူအသင်းသည် တောင်ပံ ခံစစ်ကစားသမား ဒါလော့ကို ၂၀၂၈ ခုနှစ်ထိ သက်တမ်းတိုး စာချုပ် ချုပ်ဆိုနိုင်ခဲ့ကြောင်း ကြေညာခဲ့သည်။
အသက် ၂၄ နှစ်ရှိ ဒါလော့ သည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က ပေါ်တိုအသင်းမှ မန်ယူအသင်းသို့ ပြောင်းရွှေ့ကစားခဲ့ ပြီးနောက် မန်ယူအသင်းနှင့် ပထမဆုံး ဘောလုံးရာသီတွင် ခြေစွမ်းပြသ နိုင်ခဲ့သော်လည်း ဒုတိယ ဘောလုံးရာသီ တွင် ခြေစွမ်းပြသ နိုင်ခြင်း မရှိသည့်အတွက် ၂၀၂၀ ပြည့်နှစ်က အေစီမီလန် အသင်းသို့ တစ်ရာသီအငှား စာချုပ်ဖြင့် ပြောင်းရွှေ့ကစားခဲ့သူ ဖြစ်သည်။
ဒါလော့သည် အေစီမီလန် အသင်းတွင် ခြေစွမ်းကောင်း ပြသနိုင်ခဲ့သဖြင့် ၂၀၂၁ ခုနှစ် တွင် မန်ယူအသင်းနှင့်ပြန်လည် ပူးပေါင်းခဲ့ပြီးနောက် လက်ရှိ နည်းပြ တန်ဟက်လက်ထက် တွင် အသင်းခံစစ်ပိုင်းတောင်ပံ နှစ်နေရာစလုံး၌ ကစားနိုင်ပြီး နည်းပြတန်ဟက် စိတ်ကြိုက် ကစားသမား တစ်ဦးဖြစ်သည့် အတွက် သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် ကြိုးပမ်းခဲ့ရာယခု အခါတွင် ၂၀၂၈ ခုနှစ်ထိ ကာလ ရှည် သက်တမ်းတိုးစာချုပ်ချုပ် ဆိုနိုင်ခဲ့ခြင်းဖြစ်သည်။
သူရိန်